ရွှေဒင်္ဂါးပြားများကို နေပြည်တော်တွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင်ပါ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ရွှေဒင်္ဂါးပြားများကို နေပြည်တော်တွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင်ပါ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်   စက်တင်ဘာ  ၂၂

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သားအလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်သာမက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးတို့တွင်ပါ စက်တင်ဘာ ၂၃ ရက်မှစတင်၍ လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။