ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့့် Yonex-Sunrise Vietnam Open 2022 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာနှင့် ဖုန်းပြည့်နိုင်တို့ ပါဝင်ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့့် Yonex-Sunrise Vietnam Open 2022 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာနှင့် ဖုန်းပြည့်နိုင်တို့ ပါဝင်ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံက     အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့်   Yonex-Sunrise Vietnam  Open  2022ကြက်တောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သက်ထားသူဇာ နှင့် ဖုန်းပြည့်နိုင်တို့ ပါဝင်ယှဉ်ပြိုင် ကစား မည်ဖြစ်ကြောင်း သိရသည်။

Yonex-Sunrise  Vietnam  Open 2022 ကြက်တောင်ပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံ   ဟိုချီမင်းမြို့၌  စက်တင်ဘာ  ၂၇ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပ မည်ဖြစ်သည်။

သက်ထားသူဇာသည်  ယခုလအစော ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့်  ၂၀၂၂   ကမ္ဘာ့ချန်ပီယံရှစ်   ကြက်တောင် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ကနေဒါ ကြက်တောင်မယ် Wen Yu Zhang နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ  နှစ်ပွဲ တစ်ပွဲဖြင့် ရှုံးနိမ့် ပြီး    ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကာ  ယခုအခါ  ဒုတိယမြောက်ပြိုင်ပွဲအဖြစ် ထပ်မံယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Yonex-Sunrise  Vietnam  Open 2022 ကြက်တောင်ပြိုင်ပွဲတွင် သက်ထား သူဇာသည် အင်ဒိုနီးရှားကြက်တောင်မယ် Yulia Yosephine Susanto နှင့် စတင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဖုန်းပြည့်နိုင်နှင့် ယှဉ်ပြိုင်ကစားမည့်သူကို     မသိရှိရသေးကြောင်း သိရသည်။