မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲတွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်

နေပြည်တော် စက်တင်ဘာ ၂၄

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့   ယနေ့မြန်မာစံတော်ချိန်  ည ၆နာရီခွဲတွင်   ဟောင်ကောင်ရှိ   Mong Kok Stadium ၌   ဖီဖာနိုင်ငံတကာခြေစမ်းပွဲ   FIFA International "A" Friendly Match မှ ဒုတိယခြေစမ်းပွဲအဖြစ်   ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့သည် ခြေစမ်း ပွဲ နှစ်ပွဲကစားခဲ့ရာ    စက်တင်ဘာ ၂၁ ရက်  ပထမခြေစမ်းပွဲတွင်   ဟောင်ကောင်လက်ရွေးစင်အသင်းမှ ၂ ဂိုး  ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယနေ့ဒုတိယခြေစမ်းပွဲတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် အန်တွမ်နီဟေး ရွေးချယ်ခေါ်ယူထားသည့် ကစားသမား ၂၁ ဦးပါဝင်ပြီး နည်းပြ/အုပ်ချုပ်အဖွဲ့အပါအဝင် စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားသည့်အတွက် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့်   ခြေစမ်းရာတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ပြည်တွင်းရှိ ကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး ကစားသမားအသစ်များ    နိုင်ငံတကာပွဲအတွေ့အကြုံရရှိစေရန်နှင့်    အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ရွေးချယ်ခေါ်ယူထားခြင်းဖြစ်ပြီး      ယခုလိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ကြောင်း   သိရသည်။                       

ကျော်လွင်