စပိန်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ကစားသမား ၁၅ ဦးက အသင်းနည်းပြဟော်ဟဲဗယ်ဒါကို ရာထူးမှမထုတ်ပယ်သည့်အတွက် အသင်းကစားသမားစာရင်းမှနုတ်ထွက်

စပိန်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ကစားသမား ၁၅ ဦးသည် လက်ရှိနည်းပြ ဟော်ဟဲဗယ်ဒါကို    နည်းပြရာထူးမှ ထုတ်ပယ်ခြင်း မရှိသည့်အတွက် အသင်းတွင် ပါဝင်ကစားပေးမည်မဟုတ်ဘဲ ကစားသမားစာရင်းမှ နုတ်ထွက်ကြောင်းကို စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားသည်။

လက်ရှိတွင် စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က နည်းပြ ဟော်ဟဲဗယ်ဒါကို နည်းပြရာထူးမှထုတ်ပယ်ပေးရန် တောင်းဆိုထားပြီး မထုတ်ပယ်ပါက အသင်းအတွက် ကစားပေးမည်မဟုတ်ဟု တောင်းဆိုခဲ့သည့်ကစားသမား ၁၅ ဦး၏အမည်ကို   ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း အဆိုပါကစားသမား  ၁၅  ဦးအနေဖြင့် နည်းပြ ဟော်ဟဲဗယ်ဒါ၏နည်းစနစ်ပိုင်းများကို ကြိုက်နှစ်သက်ခြင်းမရှိမှုနှင့်အတူ စိတ်ပိုင်းဆိုင်ရာထိခိုက်စေသည်ဟု အကြောင်းပြကာ  တောင်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

သို့သော် စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က  စပိန်အမျိုးသမီးအသင်းကစားသမား ၁၅ ဦးရဲ့ တောင်းဆိုမှုမှာ စံနမူနာပြမဟုတ်သလို ဘောလုံးနဲ့အားကစားတန်ဖိုးကိုလည်း မလေးစားရာရောက်ပါတယ်။ အခုလို အသင်းအတွက်     တကယ်ကိုအန္တရာယ်ကြီးမားတဲ့ လုပ်ရပ်ကြောင့် မိမိတို့အနေနဲ့ နည်းပြအပြောင်းအလဲပြုလုပ်မှာမဟုတ်ဘဲ   ၎င်းတို့မကစားပါက  တခြားလူငယ်ကစားသမားတွေနဲ့  အစားထိုးအသုံးပြုသွားမှာပါဟု ထုတ်ပြန်သည်။

Ref;Marca