မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်နိုင်ရေး ပြင်ဆင်နေဟု တောင်ကိုရီးယားပြော

မြောက်ကိုရီးယားစစ်ဘက်သည် ရေငုပ် သင်္ဘောမှ အမြင့်ပျံပဲ့ထိန်း ဒုံးကျည်ပစ်လွှတ်နိုင်ရေး ပြင်ဆင်နေသည်ကို တောင်ကိုရီးယားစစ်ဘက်က တွေ့ရှိသည်ဟု  Yonhap သတင်းဌာနက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ ပြင်ဆင်မှုများကို မြောက်ကိုရီးယားနိုင်ငံ တောင်ဟမ်ဂျောင်းပြည်နယ်ရှိ ဆင်ပိုမြို့၌ လုပ်ဆောင် နေကြောင်း တွေ့ရှိရသည်ဟု တောင်ကိုရီးယားစစ်ဘက်မှအမည် မဖော်လိုသူသတင်းအရင်းအမြစ်ကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြထားခြင်း ဖြစ်သည်။

ထို့ပြင် မြောက်ကိုရီးယား၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍  သတိရှိရန် တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်ဒုတိယ သမ္မတမလာရောက်မီ ရက်ပိုင်းအလိုတွင်  တောင်ကိုရီးယား စစ်ဘက်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ဒုတိယသမ္မတအနေဖြင့် လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့ လာရောက်ကာ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

အလားတူ အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းသည် အခြားသောစစ်ရေ ယာဉ်များလိုက်ပါလျက် စက်တင်ဘာ ၂၃ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာပြီး  နှစ်နိုင်ငံစစ်ဘက်ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။       

Ref:CNA