ဘာစီလိုနာအသင်းမှ ခံစစ်ကစားသမားများ ဖြစ်သော ခွန်ဒီနှင့် အာရူဂျိုတို့ ဒဏ်ရာအသီးသီး ရရှိခဲ့သည့်အတွက် အနည်းဆုံး တစ်လကျော်ကြာ အနားယူရမည်

ဘာစီလိုနာအသင်းမှ ခံစစ်ကစားသမားများ ဖြစ်သော ခွန်ဒီနှင့် အာရူဂျိုတို့ ဒဏ်ရာအသီးသီး ရရှိခဲ့သည့်အတွက် အနည်းဆုံး တစ်လကျော်ကြာ အနားယူရမည်

ဘာစီလိုနာအသင်း အဓိက ခံစစ်ကစားသမားများ ဖြစ်သော ခွန်ဒီနှင့် အာရူဂျိုတို့သည် နိုင်ငံတကာပွဲစဉ် များအတွက်  သက်ဆိုင်ရာ လက်ရွေးစင်အသင်းများနှင့် ပူးပေါင်းစဉ်   ဒဏ်ရာအသီးသီး ရရှိခဲ့သည့်အတွက် အနည်းဆုံး တစ်လကျော်ကြာ   အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာသည်။

ပြင်သစ်အသင်း   ခံစစ်ကစားသမား  ခွန်ဒီသည် ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားသည့်  ပြင်သစ်အသင်းက သြစတြီးယား အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။   အလားတူ  အာရူဂျိုသည်လည်း နိုင်ငံတကာခြေစမ်းပွဲအဖြစ် ကစားသည့် အီရန်အသင်း နှင့်ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ဦးစလုံး သက်ဆိုင်ရာ ကလပ်အသင်းကစားသမားစာရင်းမှ နုတ်ထွက်ကာ ဘာစီလိုနာ အသင်းနှင့် ပြန်လည် ပူးပေါင်းမည်ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအနေဖြင့် အသေးစိတ် ဆေးစစ်မှုများ မပြုလုပ်ရသေးသောကြောင့် မည်သည့် အချိန်ထိ အနားယူရမည်ကို မသိရှိရသေးဘဲ ဘာစီလို နာအသင်းနှင့် ပြန်လည်ပူးပေါင်းပြီး   ဆေးစစ်မှုများ ပြုလုပ်ပြီးမှသာ မည်သည့်အချိန်ထိ အနားယူရမည်ကို သိရှိရမည်ဖြစ်သော်လည်း အနည်းဆုံး တစ်လကျော်ကြာ  အနားယူရဖွယ်ရှိသည်ဟု  ဘာစီလိုနာ အသင်းက ထုတ်ပြန်ထားကြောင်း သိရသည်။