စပါးအသင်းနှင့် မကြာမီစာချုပ် သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ် အသင်းနှင့် အပြိုင်ကမ်းလှမ်းရန် ချယ်လ်ဆီးအသင်း ကြိုးပမ်းနေ

စပါးအသင်းနှင့် မကြာမီစာချုပ် သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ် အသင်းနှင့် အပြိုင်ကမ်းလှမ်းရန် ချယ်လ်ဆီးအသင်း ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းသည် လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်   စပါးအသင်းနှင့် မကြာမီစာချုပ်သက်တမ်း ကုန်ဆုံးမည့်   တိုက်စစ်မှူး ဟယ်ရီကိန်းကို  ဘိုင်ယန်မြူးနစ်အသင်းနှင့်  အပြိုင်ကမ်းလှမ်းရန်  ယခုအချိန်ကပင်  ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ဟယ်ရီကိန်းသည် စပါး အသင်းနှင့်  စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိပြီး စပါးအသင်းက  သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုနေသော်လည်း ဟယ်ရီကိန်းကိုယ်တိုင်က အသင်းတွင် ဆုဖလားရရှိခြင်း မရှိသည့်အတွက်  ဆုဖလားရယူနိုင် သည့်အသင်းသို့ ပြောင်းရွှေ့လိုခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် အစောပိုင်းကတည်းက  ဟယ်ရီကိန်းကို ခေါ်ယူမည်ဟု  ကစားသမားထံ   အကြောင်းကြားထားပြီး ဖြစ်ကြောင်း   သတင်းများ ထွက်ပေါ်ခဲ့ပြီး  ယခုအခါ  ချယ်လ်ဆီး အသင်းကလည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် အပြိုင်ကမ်းလှမ်း ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အစောပိုင်းက အင်တာမီလန် အသင်းထံ အငှားချထားသည့် လူကာကူနှင့် ဟယ်ရီကိန်းကို ကစားသမားချင်း အလဲအလှယ်ပြုလုပ် ရန်စီစဉ်ထားသော်လည်း မအောင်မြင်ပါက ဟယ်ရီကိန်းကို ငွေသားသီးသန့် ပေးချေခေါ်ယူရန်  ကြိုးပမ်းနေသကဲ့သို့  နည်းပြသစ် ဂရေဟမ်ပေါ်တာ ကိုယ်တိုင်ကလည်း ခေါ်ယူပေးရန် တောင်းဆိုထားကြောင်း သိရသည်။