မန်ယူအသင်းက ပုံစံကောင်း ပြသနေသည့် တောင်ပံခံစစ် ကစားသမား ဒါလော့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်

မန်ယူအသင်းက ပုံစံကောင်း ပြသနေသည့် တောင်ပံခံစစ် ကစားသမား ဒါလော့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်

မန်ယူအသင်းက ယခုဘောလုံးရာသီတွင် အသင်းနှင့် ပုံစံကောင်းပြသနေသည့်  တောင်ပံခံစစ်ကစားသမား  ဒါလော့ကို  သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ဒါလော့သည် ၂၀၁၈ ခုနှစ် က ပေါ်တိုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး မန်ယူအသင်းကို နည်းပြမော်ရင်ဟို တာဝန်ယူ ကိုင်တွယ်စဉ်က ပွဲထွက်ခွင့်ရရှိသော်လည်း နည်းပြဆိုးလ်ရှား  တာဝန်ယူ ကိုင်တွယ်သည့်အချိန်တွင်  ပွဲထွက်ခွင့်မရရှိဘဲ  ဝမ်ဘစ်ဆာကာနောက် ဒုတိယဦးစားပေး ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိ ခဲ့သည်။

ထို့ပြင် ၂၀၂၀  ပြည့်နှစ်  အောက်တိုဘာလက နည်းပြဆိုးလ်ရှားက အေစီမီလန် အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့ပြီး အေစီမီလန်အသင်းတွင် ပုံစံကောင်း ပြသနိုင်ပြီးနောက်  ၂၀၂၁ ခုနှစ် ဇူလိုင်လက မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။

ဒါလော့သည်  လက်ရှိနည်းပြသစ်  တန်ဟတ် လက်ထက်တွင်  ပွဲထွက် ကစားသမားအဖြစ်  ပါဝင် ကစားခွင့်ရရှိပြီး ထိပ်တန်းအဆင့်ရှိခြေစွမ်းပြသနိုင် ခဲ့သကဲ့သို့  ပေါ်တူဂီလက်ရွေးစင် အသင်းနှင့်လည်း  အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိသည့်အတွက် မန်ယူအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်  စတင် ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိ   မန်ယူအသင်းနှင့် ဒါလော့တို့စာချုပ် သက်တမ်းမှာ     ယခုဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး  ဘာစီလိုနာအသင်း အပါအဝင် တခြားဥရောပ ထိပ်တန်းအသင်းကြီးတချို့က စောင့်ကြည့်လျက်ရှိသည့် အတွက်    မန်ယူအသင်းက  အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်ရစေရန် အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေ သကဲ့သို့ လုပ်ခလစာကိုလည်း တိုးမြှင့်ဖွယ် ရှိကြောင်း သိရသည်။