“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ”ဇာတ်တော်ကြီး ထုတ်လွှင့်ပြသမည်

“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ”ဇာတ်တော်ကြီး ထုတ်လွှင့်ပြသမည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများက ကပြတင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ”ဇာတ်တော်ကြီး အပိုင်း(၁)အား၂၈-၉-၂၀၂၂ ရက်နေ့တွင် လည်းကောင်း၊ အပိုင်း(၂)အား၂၉-၉-၂၀၂၂ ရက်နေ့တွင် လည်းကောင်း၊ အပိုင်း(၃)အား ၃၀-၉-၂၀၂၂ ရက်နေ့နှင့် အပိုင်း(၄)အား  ၁-၁၀-၂၀၂၂ ရက်နေ့တို့တွင်  ည  ၆ နာရီ ၂၀ မိနစ်မှ  စတင်၍ MRTV Channel ၊ MWD Channel ၊ MWD Variety Channel ၊ Channel 7 ၊  5 Plus ၊   Channel 9 ၊  Fortune ၊ Channel K ၊  YTV နှင့် Skynet မှ Myanmar Arts Channel ရုပ်/သံလိုင်းများတွင် တစ်ပြိုင်တည်း ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း  မိဘပြည်သူများအား လေးစားစွာကြိုတင် အသိပေး အပ်ပါသည်။