မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နှင့် မန္တလေးမြို့ Star Mart Mandalay  တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နှင့် မန္တလေးမြို့ Star Mart Mandalay  တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်

နေပြည်တော် စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး   ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်  (ရန်ကုန်)နှင့်  မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ ၃ ပိဿာစီကို စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင် တင်ဒါစနစ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည်ဖြစ်ပါသဖြင့် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော်(ရုံးချုပ်)၊ မြန်မာ့ ကျောက်မျက် ရတနာပြတိုက်(ရန်ကုန်)နှင့် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း    မန္တလေးစခန်းရုံးတို့တွင် အသေးစိတ် အချက်အလက်များကို    စုံစမ်းနိုင်ကြောင်းနှင့် ရွှေဒင်္ဂါးပြားများရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။