ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ(၁/၂၀၂၂)ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂၉

ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင်  ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ  ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကဦးဆောင်၍    လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို  အရှိန်အဟုန်မပြတ်  ဆက်လက် အကောင်အထည်ဖော်ရေး၊   ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော   နိုင်ငံတကာ အဖွဲ့အစည်းများနှင့်   လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။