ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံ  ဧကစိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်  မိုးသီးနှံစိုက်ပျိုးရာသီတွင်  ကြံ ၈ ဧကစိုက်ပျိုးပြီးစီးကာ   ကြံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြံစိုက်ပျိုးရေးလုပ်ငန်းကို  မဲဇလီကျေးရွာအုပ်စု  ညောင်ပင်ဝိုင်း ကျေးရွာရှိ ဒေသခံပြည်သူများက နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းရှိ

ကြံစိုက်ပျိုးသည့် တောင်သူများကို  သီးနှံဝင်ငွေတိုးပွားရေးအတွက် အခြေခံစိုက်ပျိုးနည်းပညာနှင့် သွင်းအားစုပစ္စည်း အချိုးကျ သုံးစွဲနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပံ့ပိုးကူညီ

ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး  ကြံ ၈ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ကြံစိုက်ပျိုးရေး လုပ်ငန်းသည် ကုန်ကျစရိတ်နည်းပါးသည့်အပြင် နှစ်သီးစားဝင်ငွေရရှိသဖြင့် ကြံစိုက်ပျိုးသည့်တောင်သူများ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး ကိုးလအကြာတွင် ရောင်းတမ်းဝင်ကြံပင်များကို ခုတ်ယူရောင်းချရကြောင်း၊ ကြံပင်များ ခုတ်ယူရောင်းချပြီးချိန်တွင် ကြံငုတ်မှထွက်ရှိသောကြံအတက်များကို ပျိုးပင်အဖြစ် ပြုစုပျိုးထောင်၍ တခြားကြံစိုက်ပျိုးသည့် တောင်သူများကို ပြန်လည်ရောင်းချရပြီး  ကြံပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရ၍  နှစ်သီးစားဝင်ငွေရရှိသောကြောင့် ကြံစိုက်ပျိုးသည့် တောင်သူများက တစ်နှစ်ထက်တစ်နှစ် အားထားစိုက်ပျိုး လုပ်ကိုင်လာကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)