တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက တနင်္သာရီ တိုင်းဒေသကြီး သဘင် အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၈

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် စားသောက်ရေး  အထောက် အကူဖြစ်စေရန် တနင်္သာရီ တိုင်းဒေသကြီး သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးတင်သိန်း၊ သဘင် အစည်းအရုံး အဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး သဘင်အစည်းအရုံး အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား စသည့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဋ္ဌ၊ သဘင် အစည်းအရုံး အဖွဲ့ဝင် မိသားစုများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း  သတင်းရရှိသည်။