မုန့်မျိုးစုံရောင်းချသည့် လုပ်ငန်းများအနေဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ

မုန့်မျိုးစုံရောင်းချသည့် လုပ်ငန်းများအနေဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိစစ်ဆေး

မကွေးတိုင်းဒေသကြီး   ပခုက္ကူမြို့ပေါ်ရှိ မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ချိရောင်းချသည့် လုပ်ငန်းများအနေဖြင့်  ကုန်အညွှန်း အမှတ်အသားများ  ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ အခြေအနေတို့ကို အောက်တိုဘာ၂ ရက် နံနက်ပိုင်းတွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာန  ဦးစီးမှူး ဦးဝေဠုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ရုံးဝန်ထမ်းများက  ပခုက္ကူမြို့ပေါ်ရှိ Happy Home မုန့်လုပ်ငန်း၊ အောင်မြန်မာ ပဲခွေကြော်လုပ်ငန်း၊ စိုးမိုးကျော် ပဲကြော်လုပ်ငန်း၊ မန်းရာပြည့်မုန့်ကြွပ်လုပ်ငန်း၊ လမင်းမုန့်လုပ်ငန်း၊  ရွှေလီမုန့်စုံလုပ်ငန်းစသည့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ချိရောင်းချသည့် လုပ်ငန်းများအနေဖြင့် ကုန်အညွှန်း အမှတ်အသားများ  ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြ ထားခြင်းရှိမရှိ၊ စားသုံးသူရေးရာ အကာအကွယ်ပေးရေး ဆိုင်ရာဥပဒေများနှင့် ကိုက်ညီမှု  ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး စားသုံးသူ ရေးရာဆိုင်ရာ  ဥပဒေတစ်ခုခု ကျူးလွန်သူများအား  အရေးယူ ဆောင်ရွက်နိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို  ရှင်းလင်း ဟောပြောကြောင်း သိရသည်။