ရေစိမ်ခံတဲ့အပြင် ဆားရည်မပေါက်နိုင်တဲ့ မမ်မိုရီကတ်အသစ်များ

ဒီကနေ့ခေတ်မှာတော့ မမ်မိုရီကတ်အရွယ်အစားအပြည့် ထည့်စိုက်နိုင်တဲ့ စက်ပစ္စည်းတွေရှားပါးလာပါ ပြီ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ကင်မရာတွေမှာတော့ ပါဝင်နေပါသေးတယ်။ တကယ်လို့သာ ဒီလိုကင်မရာတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အချက်အလက်တွေထည့်သွင်းရာမှာ လျင်မြန်မှုရှိပြီး တကယ်ကို ရေရှည် အသုံးခံတဲ့ မမ်မိုရီကတ်တွေ လိုအပ်မှာပါ။

ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ဆမ်ဆောင်းက မမ်မိုရီကတ်နှစ်မျိုးကို ထုတ်လုပ်လိုက်ပါ တယ်။ အဲဒီနှစ်မျိုးကတော့ EVO Plus နဲ့ PRO Plus တို့ပါပဲ။ နှစ်မျိုးစလုံးကတော့ 32GB ကနေ 256GB အထိရှိပါတယ်။

EVO Plus ထဲက 32GB နဲ့ 64GB ကလွဲလို့ ကျန်တာတွေအားလုံးကတော့ U3 အဆင့်သတ်မှတ်ချက်ရှိပါတယ်။ သူတို့နှစ်ခုကတော့ U1 အဆင့်သာ ရှိပါတယ်။ တကယ်လို့ ကိုယ်က 4K အရည်အသွေးရှိတဲ့ ဗီဒီယို တစ်ခုကို ရိုက်တယ်ဆိုရင့် U3 အဆင့်ရှိတဲ့ မမ်မိုရီကတ်ကို သုံးဖို့လိုအပ်ပါလိမ့်မယ်။

အဲဒီမမ်မိုရီကတ်တွေအားလုံးကတော့ ရေအောက်အနက် ၃ ပေမှာ သုံးရက်အထိအစိမ်ခံတယ်။ ရိုးရိုးရေတင်မ ကပါဘူး။ ဆားရည်လည်း ပါဝင်ပါတယ်။ ၁၆ ပေအမြင့်ကနေပြုတ်ကျလည်း မပျက်စီးနိုင်ပါဘူး။ အပူချိန် အနုတ် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၈၅ ဒီဂရီစင်တီဂရိတ်ကြားအထိ ကောင်းစွာအလုပ်လုပ်နိုင်ပါတယ်။       

ဓာတ်ရောင်ခြည်သင့်မှု (ဥပမာ-လေဆိပ်မှာ X-ray နဲ့စစ်ဆေးမှု)နဲ့ သံလိုက်စွမ်းအင်တွေကိုလည်း ခံနိုင် ရည်ရှိပြီး အာမခံသက်တမ်းကတော့ ၁၀ နှစ်ပေးထားပါတယ်။

မမ်မိုရီကတ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းအနေနဲ့ အချက်အလက်တွေ ကူးပြောင်းနိုင်မှုနှုန်းက တစ်စက္ကန့်ကို 100MB ရှိပါတယ်။ အဲဒီမမ်မိုရီကတ်တွေအားလုံးကိုတော့ အောက်တိုဘာ ၁၉ ရက်မှစပြီး ဈေးကွက်အတွင်း တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။

နွေဉီး