ချင်းပြည်နယ်အတွင်းရှိ ခရိုင်များတွင် ထောပတ်ပင် ဧက ၆၀၀ ကျော် စိုက်ပျိုးထား

ချင်းပြည်နယ်အတွင်းရှိ ခရိုင်များတွင် ထောပတ်ပင် ဧက ၆၀၀ ကျော် စိုက်ပျိုးထား

ချင်းပြည်နယ်အတွင်းရှိ ခရိုင်များတွင် ထောပတ်ပင် ဧက ၆၀၀ ကျော် စိုက်ပျိုးထားကြောင်း  ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ချင်းပြည်နယ်တွင်   ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီက ထောပတ်သီးနှံကို ဟားခါးခရိုင်တွင် ၂၃ ဧက၊ ဖလမ်းခရိုင်တွင် ၃၀၈ ဧက၊ တီးတိန်ခရိုင်တွင် ၁၃၉ ဧက၊ မတူပီခရိုင်တွင် ၁၁ ဧကနှင့် မင်းတပ်ခရိုင်တွင် ၁၆၃ ဧက စုစုပေါင်း ထောပတ် ၆၄၄ ဧက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ထောပတ်သီးနှံသည် ဈေးကောင်းရရှိသည့် သီးနှံဖြစ်သည့်အတွက် ချင်းပြည်နယ် အတွင်းရှိ  တောင်သူများ ကြိုက်နှစ်သက်ကာ ပြည်နယ်အတွင်း၌  ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိရာ ထောပတ် အများဆုံး စိုက်ပျိုးသည့်ခရိုင်မှာ ဖလမ်းခရိုင်ဖြစ်ပြီး ထောပတ်သီးနှံ ၃၀၈ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ထောပတ်သီးနှံသည်   နိုင်ငံတကာ ဈေးကွက်ဝယ်လိုအား ရှိခြင်း၊ လွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း၊  တစ်ဧက အကျိုးအမြတ် များစွာရရှိသည့် သီးနှံဖြစ်ခြင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့်  မင်းတပ်မြို့နယ်တို့အတွင်း၌ ဒေသခံတောင်သူများ စိုက်ပျိုးရေး ဝင်ငွေ တိုးပွားစေရေးအတွက် ထောပတ်သီးနှံကို စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း သိရသည်။