မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများတင်ဆက်မည့် အဉ္ဇလီအငြိမ့် ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများတင်ဆက်မည့် အဉ္ဇလီအငြိမ့် ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် အောက်တိုဘာ ၇

အများပြည်သူပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို    တိုးမြှင့်တင်ဆက်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများ ဖျော်ဖြေတင်ဆက်မည့် အဉ္ဇလီအငြိမ့် ဖျော်ဖြေပွဲကို   အောက်တိုဘာ  ၉  ရက် တနင်္ဂနွေနေ့ ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနခွဲမှ ဦးစီးအရာရှိ ဦးစောမင်းနောင်ကစီစဉ်ပြီး မြန်မာ့အသံဆိုင်းဝိုင်းကြီးအဖွဲ့၏  တီးခတ်မှုနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ဖြစ်ကြသည့် ခေါင်းဆောင်မင်းသမီး ယဉ်ယဉ်ဝေ၊ ရှေ့ထွက်မင်းသမီး မြတ်သဇင်သင်း၊     လူရွှင်တော်များ ဖြစ်ကြသည့် စောမင်းနောင်၊ ဇော်မင်းထွန်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူ၊ လင်းဇော်နိုင်နှင့် ဇင်ဝိုင်းတို့က  ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

 ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။