အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူမည်

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူမည်

အာဂျင်တီးနားအသင်းခေါင်းဆောင်  မက်ဆီက ကာတာနိုင်ငံ၌ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၃၅ နှစ်အရွယ် မက်ဆီသည် ၂၀၀၅ ခုနှစ် က အာဂျင်တီးနားအသင်းနှင့် စတင်ပါဝင်ကစားခဲ့သူဖြစ်ပြီး  လက်ရှိအချိန်တွင်  အသင်းနှင့် နိုင်ငံတကာပြိုင်ပွဲစုံ ၁၅၅ ပွဲကစားခဲ့ကာ    သွင်းဂိုး ၉၀ အထိ သွင်းယူနိုင်ခဲ့ပြီး အာဂျင်တီးနားအသင်း သမိုင်းတစ်လျှောက်    သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ဗိုလ်လုပွဲအထိ  တက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံဆုနှင့်လွဲချော်ကာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသကဲ့သို့ ၂၀၁၅ ခုနှစ်က ကိုပါအမေရိက ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး    ဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရပြီးနောက်  မက်ဆီက  ကစားသမားဘဝမှ   အနားယူမည်ဖြစ်ကြောင်း  ကြေညာခဲ့သော်လည်း  နောက်ပိုင်းတွင် ပြန်လည်ပါဝင်ကစား၍ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်စေရန် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

မက်ဆီက  လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့်ရက်တွေကို  ရေတွက်နေပါတယ်။  ကျွန်တော့်အတွက် စိုးရိမ်ထိတ်လန့်မှုတွေရှိနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို စိုးရိမ်နေပါတယ်။ အကောင်းဆုံးအရာတွေဖြစ်လာဖို့ကြိုးစားမှာပါ။ ဒီပြိုင်ပွဲက ကျွန်တော့်ရဲ့ အာဂျင်တီးနားကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဆိုတာကို  ပြောချင်ပါတယ်။ ကျွန်တော် အာဂျင်တီးနားအသင်း  ကစားသမားဘဝကနေ အနားယူဖို့အတွက် သေချာ စဉ်းစားပြီးပါပြီဟု ပြောသည်။

အာဂျင်တီးနား အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကို၊ ပိုလန်၊ ဆော်ဒီအာရေဗျ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

Ref;90Min