ဆီဗီလာအသင်းက နည်းပြလိုပက်တီဂွီကို နည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ဆမ်ပါအိုလီကို ခန့်အပ်

ဆီဗီလာအသင်းက နည်းပြလိုပက်တီဂွီကို နည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ဆမ်ပါအိုလီကို ခန့်အပ်

ဆီဗီလာအသင်းက နည်းပြလိုပက်တီဂွီကို နည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက်      နည်းပြသစ်အဖြစ် ဆမ်ပါအိုလီကို ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

နည်းပြလိုပက်တီဂွီသည်     ဆီဗီလာအသင်းကို ၂၀၁၉ ခုနှစ်က စတင်တာဝန်ယူကိုင်တွယ်ပြီး အသင်း ကို   ယူရိုပါလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင်  အသင်းသမိုင်းတစ်လျှောက်   အဆိုးရွားဆုံး ရာသီအစနှင့်    ရလဒ်ဆိုးများ တွေ့ကြုံခဲ့ရပြီးနောက်  ချန်ပီယံလိဂ်ပြိုင်ပွဲ  အုပ်စုပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းကို  ၄ ဂိုး-၁ ဂိုးဖြင့်  ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင်  နည်းပြလိုပက်တီဂွီအား  အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အသက် ၆၂ နှစ်အရွယ် ဆမ်ပါအိုလီသည် ဆီဗီလာ အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ  နှစ်ရာသီကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်က  အာဂျင်တီးနားလက်ရွေးစင်အသင်း ကို နည်းပြအဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် နည်းပြဆမ်ပါအိုလီသည် အာဂျင်တီးနား၊ ဆန်းတို့၊ အဲလက်တီကိုနှင့် မာဆေးလ်အသင်းတို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မတ်လက မာဆေးလ်အသင်းနှင့်လမ်းခွဲခဲ့ကာ ကလပ်အသင်း လက်မဲ့ဖြစ်နေရာမှ ယခုအခါ ဆီဗီလာအသင်း နည်းပြအဖြစ် ဒုတိယအကြိမ် ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

Ref;Fabrizio Romano