အခြေခံပညာ ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၈

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ်(၆)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ ကလည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်း များ တူးဖော်ပေးခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း စသည့်သန့်ရှင်း ရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။