လီဗာပူးအသင်းနှင့် ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ် ထိပ်သီးငါးသင်းစလုံးကို ဂိုးသွင်းယူနိုင်သည့် အာဆင်နယ်အသင်း ကစားသမားအဖြစ် ဆာကာရပ်တည်

လီဗာပူးအသင်းနှင့် ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ် ထိပ်သီးငါးသင်းစလုံးကို ဂိုးသွင်းယူနိုင်သည့် အာဆင်နယ်အသင်း ကစားသမားအဖြစ် ဆာကာရပ်တည်

အာဆင်နယ်အသင်း တိုက်စစ်ကစားသမား ဆာကာသည် လီဗာပူးအသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်   လက်ရှိ အာဆင်နယ်အသင်း ကစားသမားများတွင် ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီး ငါးသင်းစလုံးကို    ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။

ဆာကာသည်  အာဆင်နယ်အသင်းက  လီဗာပူး အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ပြီး ပွဲချိန် မိနစ် ၅၀ နှင့် ၇၆ မိနစ်တို့တွင် ပယ်နယ်တီမှတစ်ဆင့် နှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆာကာသည်  လီဗာပူးအသင်းကို  ဂိုးသွင်းယူနိုင် ပြီးနောက်  လက်ရှိ အာဆင်နယ်အသင်း ကစားသမား များတွင်   ပရီးမီးယားလိဂ်ထိပ်သီး ငါးသင်းဖြစ် သည့် မန်ယူ၊  ချယ်လ်ဆီး၊ မန်စီးတီး၊  လီဗာပူးနှင့်  စပါးအသင်းတို့ကို ဂိုးသွင်းယူနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

အလားတူ ဆာကာသည် လီဗာပူးအသင်းနှင့်ပွဲစဉ် ၌   နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်   ယခုဘောလုံးရာသီတွင်  ပရီးမီးယားလိဂ်သွင်းဂိုး သုံးဂိုးရှိလာကာ အာဆင် နယ် အသင်းနှင့်  ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ပြည့် မြောက်လာခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်တွင်လည်း  သွင်းဂိုး  ၂၀  သွင်းယူနိုင်သည့်  အသက်အငယ်ဆုံး ဒုတိယမြောက် ကစားသမားအဖြစ်    မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။