ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ သွင်းဂိုး ၇၀၀ ပြည့်မြောက်သည့် ပထမဆုံး ကစားသမားအဖြစ် စီရော်နယ်ဒို မှတ်တမ်းဝင်

ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ သွင်းဂိုး ၇၀၀ ပြည့်မြောက်သည့် ပထမဆုံး ကစားသမားအဖြစ် စီရော်နယ်ဒို မှတ်တမ်းဝင်

မန်ယူအသင်း   ဝါရင့်တိုက်စစ်မှူး   စီရော်နယ်ဒိုသည်  ပရီးမီးယားလိဂ် ပွဲစဉ်(၉)အဖြစ် ကစားသည့် အဲဗာတန်အသင်းနှင့်   မန်ယူအသင်းတို့ ပွဲစဉ်တွင်  တစ်ဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက်   ပရော်ဖက်ရှင်နယ် ကစားသမားဘ၀  သွင်းဂိုး  ၇၀၀ ပြည့်မြောက်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို  ၂၀၀၂ ခုနှစ်က စပို့တင်းလစ္စဘွန်း အသင်းနှင့် စတင်ခဲ့သူဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် မန်ယူအသင်းသို့  ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

စီရော်နယ်ဒိုသည်  ၎င်း၏ ပရော်ဖက်ရှင်နယ်ကစား သမားဘဝတစ်ဦးချင်း အောင်မြင်မှုများနှင့်  အသင်းလိုက် အောင်မြင်မှုများကို မန်ယူအသင်းနှင့် အတူစတင် ခဲ့ပြီး   ချန်ပီယံလိဂ်၊  ပရီးမီးယားလိဂ် အပါအဝင် ဆုဖလားများစွာ  ဆွတ်ခူးနိုင်ခဲ့သည့်အပြင်  ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကိုလည်း မန်ယူအသင်း နှင့်အတူ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

စီရော်နယ်ဒိုသည်   ၂၀၀၉  ခုနှစ်က  မန်ယူအသင်းမှ  ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ၎င်း၏ကစားသမားဘ၀ အအောင်မြင်ဆုံး အချိန်ကာလများကို ပိုင်ဆိုင်ခဲ့ပြီး    အသင်းလိုက် ဆုဖလားများအပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း   လေးကြိမ်အထိ ထပ်မံရယူနိုင်ကာ ပြိုင်ပွဲစုံ သွင်းဂိုး ၄၅၀ အထိ သွင်းယူနိုင်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်က ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ဂျူဗင်တပ်စ်အသင်းနှင့် သွင်းဂိုး ၁၀၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၂၀၂၁ ခုနှစ်က  အသင်းဟောင်း မန်ယူအသင်းသို့   ပြောင်းရွှေ့ကစားပြီးနောက်    အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုး ၇၀၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။