ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ပါက နိုင်ငံအတွင်းမှ ထွက်သွားမည်ဟု ထရမ့်ကြေညာ

လက်ရှိအမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က လာမည့်လတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌  ဒီမိုကရက်တစ်ပါတီမှ    ပြိုင်ဘက်ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ပါက နိုင်ငံမှထွက်သွားမည်ဟု ကြေညာကြောင်း သိရသည်။

ဂျော်ဂျီယာပြည်နယ်၌ အောက်တိုဘာ ၁၆ ရက်တွင် ပြုလုပ်သော   မဲဆွယ်စည်းရုံးပွဲတစ်ခု၌ ထရမ့်က ယခုကဲ့သို့ ကြေညာခြင်းဖြစ်ကာ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ကိုရှုံးနိမ့်ပါက    အလွန်ရှက်မိမည်ဟု ၎င်းကဆိုသည်။

၎င်းင်းသည်   အမေရိကန်ရွေးကောက်ပွဲသမိုင်းတွင်  အဆိုးဆုံးကိုယ်စားလှယ်လောင်းနှင့် ယှဉ်ပြိုင်နေရသောကြောင့် ဖိအားရှိကြောင်း၊      အကယ်၍ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက နိုင်ငံရေးသမိုင်းတွင် အဆိုးရွားဆုံး ကိုယ်စားလှယ် လောင်းကို ရှုံးနိမ့်ခြင်းဖြစ်ကြောင်း ထရမ့်ကဆက်ပြောသည်။

လက်ရှိတွင် လူသန်း ၂၀ မှာ ကြိုတင်ဆန္ဒမဲများပေးပြီးဖြစ်ကာ ဒီမိုကရက်တစ်ပါတီက အနိုင်ရနိုင်ခြေများပြီး ထရမ့်အနေဖြင့်အနိုင်ရရန် သေချာသလောက်ရှိသည့် ဖလော်ရီဒါပြည်နယ်တွင်လည်း ဒီမိုကရက်တစ်များက မဲအနည်းငယ်အသာဖြင့် ဦးဆောင်နေသည်။

ထို့ပြင်    ပြည်တွင်းဆန္ဒမဲကောက်ခံမှုအရ ဂျိုးဘိုင်ဒင်က ၅၄ ရာခိုင်နှုန်းနှင့် ဦးဆောင်နေပြီး ထရမ့်က ၄၃ ရာခိုင်နှုန်းဖြင့် နောက်ကလိုက်နေကြောင်း သိရသည်။

လာမည့်လရွေးကောက်ပွဲတွင် ထရမ့်အနေဖြင့် ဂျိုးဘိုင်ဒင်အပေါ် ရှုံးသွားမည်ကို  အလွန်စိုးရိမ်နေကြောင်း ရီပတ်ဘလစ်ကန်လွှတ်တော် အမတ်များကပြောပြီးနောက် ထရမ့်အပေါ်လူထုထောက်ခံမှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။