(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆက်လက် ကျင်းပ

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆက်လက် ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၁၄

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင်  စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ယခုနှစ်ကျင်းပသည့်  အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များ၏ အဆင့်သတ်မှတ်ချက်ကို အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာ အဆင့်ဟူ၍   သတ်မှတ်ထားကြောင်း၊   ဆုချီးမြှင့်ရေးနှင့် ပတ်သက်၍လည်း ယခင်နှစ်များထက် ပိုမိုသည့်ဆုကြေးငွေများ ချီးမြှင့်နိုင်ရန် ဆောင်ရွက်ထားကြောင်းနှင့် ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်များကို ပိုမိုတင့်တယ်မှု ရှိစေရန် စီစဉ်ထားကြောင်း သိရသည်။

ယနေ့တွင် “မဟာဂီတ”တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စက်လဲ ဘုံဘွေ”(ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူကျွန်းလုံး”(သီချင်းခံ) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပန်းမြိုင်လယ်” (ယိုးဒယား) ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စိန်ကြယ်ညီးလင်း”(မွန်)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀  နှစ်အတွင်း)  အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ  ပြိုင်ပွဲဝင်များက “အောင်မြေမြမန်း” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “မြိုင်ခြေတစ်ခွင်”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြိုင်ပွဲဝင်က “ဘုန်းမိုးသွန်းလောင်း”(သီချင်းခံ) ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “ပန်းဟေဝန်”(ယိုးဒယား) ဖြင့် လည်းကောင်း သာယာငြိမ့်ညောင်းသည့် မြန်မာ့ဂီတရသကို ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

“ကာလပေါ်” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room  ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ချစ်ရတု ထံတျာ” သီချင်းဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့်  ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စိမ်း” သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ် သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲ ဝင်က “အမိုက်မလေးငှက်ငယ်”သီချင်းဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေတိဂုံသမိုင်း” သီချင်းဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တစ်ဆောင်းသစ်ပြန်ပြီ”သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆုတောင်းပါလေ အိမ်သူဆွေ”သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်မှပြိုင်ပွဲဝင်က “ဖူးပွင့်ဝေစီဆယ့်နှစ်ရာသီ” သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပန်းချီကား တိုင်းပြည်” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်နွေ၊ သည်မိုး၊ သည်ဆောင်း” သီချင်းဖြင့် လည်းကောင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မာသာကီရဲသွေးနီ” သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖူးရွှေလက်တင်” သီချင်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ ဘုတ်တလုတ်ကန်” သီချင်းဖြင့် လည်းကောင်း  ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်  ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာ အသုံးပြု၍  ငြိမ့်ညောင်းသည့် ကကွက်များ ဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ  ၁၅ နှစ်အတွင်း) အမျိုး သားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာ အသုံးပြု၍ ကကြိုးကကွက်စုံလင်စွာဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။

ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Ple-nary Hall  ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မင်းသား”ကြိုးဆွဲရုပ်သေးရုပ်ဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇော်ဂျီ”ကြိုးဆွဲရုပ်သေးရုပ် ဖြင့် လည်းကောင်း ကကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များအားလုံး ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့်”မင်းသမီး” ကြိုးဆွဲရုပ်သေးရုပ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။ 

ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက”မင်းသား” ကြိုးဆွဲရုပ်သေးရုပ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇော်ဂျီ” ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့် လည်းကောင်း   ကကြိုးကကွက် စုံလင်စွာဖြင့် ယှဉ်ပြိုင်ကြပြီး  ပြိုင်ပွဲဝင်များအားလုံး ယှဉ်ပြိုင်ရန်  သတ်မှတ်ထားသည့် “မင်းသမီး” ကြိုးဆွဲရုပ်သေးရုပ်ဖြင့်လည်း    ဆက်လက် ယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ “ငါးပါဒအက္ခရာ”ဇာတ်တော်ကြီး ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့်  (ပထမတန်း)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မန်းသိင်္ဂါရုပ်စုံ သဘင်အဖွဲ့က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို  ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲကို  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ကျင်းပရာ “ရာမာယဏ”ဇာတ်တော်ကြီး ဝါသနာရှင်အဆင့်(ပထမတန်း)ပြိုင်ပွဲတွင်     ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုဖျာပုံ ရာမာယဏဇာတ်တော်ကြီး အဖွဲ့က မူရင်း ရာမာယဏဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို  မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

အရေးပြိုင်ပွဲကို   သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊   မကွေးတိုင်း ဒေသကြီး၊    ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မွေခံထိုက်စေ”ခေါင်းစဉ်ဖြင့်  ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။

ဒိုးပတ်ပြိုင်ပွဲကို   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနရှိ (လေ့ကျင့်ရေး ဇာတ်ရုံ)၌ ကျင်းပရာ   ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် အဖွဲ့များက လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မကွေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့်ပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း မြူးကြွသွက်လက်သည့်  ဒိုးပတ်သံသာများဖြင့်  တီးခတ်ယှဉ်ပြိုင်ကြသည်။

ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသား ပြတိုက်(နေပြည်တော်)ရှိ  Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်း ဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက  “ရဝိန်ဒေါင်းယာဉ်ပျံ” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းဆန်းသဉ္စာကြာညောင်”(ယိုးဒယား) ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက “ပြည်ပြည်မင်း ပေါင်း”(သီချင်းခံ)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “ရဝိန် ဒေါင်းယာဉ်ပျံ” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပြည်ပြည် မင်းပေါင်း”(ပတ်ပျိုး)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ  ပြိုင်ပွဲဝင်က “မြန်သပြေဗွေ တကျွန်းခြားမြေ”(ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆီးနှင်းပြိုက်ကျ”(ကြိုး)ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “ညဉ့်သုံးယံခါ”(ပတ်ပျိုး)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆီးနှင်းပြိုက်ကျ”(ကြိုး)ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြိုင်ပွဲဝင်က “မြန်သပြေဗွေတကျွန်းခြားမြေ”(ယိုးဒယား) ဖြင့် လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ညဉ့်သုံးယံခါ”(ပတ်ပျိုး)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “ပြောင်ပြောင်နာဂိန်”(ကြိုး) ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အတိုင်းမသိ မင်္ဂလာ”(ဘွဲ့)ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်က “လူမနှော”(ပတ်ပျိုး) ဖြင့် လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

တယောအတီးပြိုင်ပွဲကို  အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောမြိုင်စွန်း”(ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ခိုင်ပန်းစုံ မှုန်မာလာ” (ယိုးဒယား) ဖြင့် လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖြေလျော့ခွေ”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုး သမီးပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “မြနန္ဒာ” (ကာလပေါ်)ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “ရွှေဘုန်းရွှေဘုန်းတော်လေတည့်မှ”(ကြိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်  ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စက်လဲပျော်ပါနိုင်”(ယိုးဒယား)ဖြင့် လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “မေတ္တာလွှမ်းခြုံ” (မြန်မာ့အသံအဖွဲ့) ဖြင့် လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်  ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာအောင်ချာ”(ကြိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကောက်စိုက်မ” (စိန်ပါတီ)ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “ဆန်းနွေဦး”(ယိုးဒယား)ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သိင်္ဂါရွှေရောင်” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က  “ဆန်းနွေဦး”(ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကောက်စိုက်မ”(စိန်ပါတီ) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသားပြိုင်ပွဲတွင်  မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “ဆန်းဆန်းသဉ္စာ ကြာညောင်”(မိုးဘွဲ့ယိုးဒယား)ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းဆန်းသဉ္စာကြာညောင်” (မိုးဘွဲ့ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး)ဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။

မယ်ဒလင် အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “မှုန်ပြာဝေ”(ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “ပြည်ပြည်မင်းပေါင်း”(သီချင်းခံ) ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်မှပြိုင်ပွဲဝင်က “ဘုန်းမိုး သွန်းလောင်း”(သီချင်းခံ) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပုံပမာ”(ကြိုး)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “ဘုန်းမိုးသွန်းလောင်း”(သီချင်းခံ) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်  ပဲခူးတိုင်းဒေသကြီးမှ  ပြိုင်ပွဲဝင်က “ဘုံဆောင်မြင့်” (ကြိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)  အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင်” (ကြိုး)ဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲများ ကျင်းပရာ နေရာအသီးသီးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ ဦးခိုင်းလုံးဆိုင်နှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီး များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေး ဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော လူမှုရေး ဦးတည်ချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဆိုသည့် ဦးတည်ချက်အတိုင်း  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် အနေဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပေးလျက် ရှိသည်။

ဂုဏ်ယူဖွယ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာပန်းခင်းကြီးဟု  တင်စားရမည့် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးခြင်းအားဖြင့် မြန်မာတိုင်းရင်းသားတို့၏ ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အဆင့် အတန်းမြင့်မားသည့် လူမှုရေးစံနှုန်းများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း၊ သိမ်မွေ့နက်ရှိုင်းသည့်  မြန်မာမှု အနုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားမည့် မျိုးဆက်သစ်လူငယ်များစွာ ပေါ်ထွန်းလာခြင်း၊ အနာဂတ်မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ယဉ်ကျေးမှု အမွေခံပတ်ဝန်းကျင် ကောင်းတစ်ရပ်ကို ဖော်ထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် ဖြစ်ကြောင်း သိရသည်။