မန်စီးတီးအသင်းက အဓိကလူငယ်တောင်ပံကစားသမား ဖီးလ်ဖိုဒန်ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

မန်စီးတီးအသင်းက အဓိကလူငယ်တောင်ပံကစားသမား ဖီးလ်ဖိုဒန်ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

မန်စီးတီးအသင်းကအသင်းမှ   အဓိကလူငယ် တောင်ပံကစားသမားတစ်ဦးဖြစ်သည့် ဖီးလ်ဖိုဒန်ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ဖီးလ်ဖိုဒန်သည် မန်စီးတီးအသင်း အကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့် လူငယ်ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်က အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ အသင်းကြီးတွင် စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။

ဖီးလ်ဖိုဒန်သည် မန်စီးတီးအသင်း၌ ကစားသည့် အချိန်မှစတင်ပြီး   အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီ နှစ်ရာသီတွင် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

ဖီးလ်ဖိုဒန်က ကျွန်တော်ငယ်စဉ်ကတည်းက မန်စီးတီးအသင်းပရိသတ်တစ်ယောက်ဖြစ်ခဲ့တာပါ။ အခုလို အသင်းနဲ့ ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာ စကားလုံးနဲ့ဖော်မပြနိုင်အောင် ပျော်ရွှင်ရပါတယ်။  အသင်းရဲ့အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခွင့်ရရှိခဲ့တာကိုလည်း ဂုဏ်ယူပါတယ်ဟု ပြောသည်။

ဖီးလ်ဖိုဒန်သည်   ယခုဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ အဓိကတောင်ပံကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေသူဖြစ်ပြီး    ပရီးမီးယားလိဂ်ပြိုင်ပွဲ၌  ကိုးပွဲကစားပြီးချိန်တွင်  ခြောက်ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Ref;Dailymail