Covid - 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၈

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာန ချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်း လျက်ရှိ သည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းပြည်သူ့ ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ပြည်သူ့ဆေးရုံနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ပြည်သူ့ ဆေးရုံ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တိုက်နယ်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ပြည်သူ့ ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည် ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာ များကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။