လျှပ်စစ်မီးပြတ်တောက်ပြီး ကွင်းလယ် ဒိုင်လူကြီးနှင့် VAR စနစ် အဆက်အသွယ် ပြတ်တောက်သောကြောင့် လိဒ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ် ခေတ္တရပ်ဆိုင်းခဲ့ရ

လျှပ်စစ်မီးပြတ်တောက်ပြီး ကွင်းလယ် ဒိုင်လူကြီးနှင့် VAR စနစ် အဆက်အသွယ် ပြတ်တောက်သောကြောင့် လိဒ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ် ခေတ္တရပ်ဆိုင်းခဲ့ရ

    ပရီးမီးယားလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၁၁)အဖြစ် ကစားသည့် လိဒ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး  ကွင်းလယ်ဒိုင်လူကြီးနှင့် VAR  စနစ်အဆက်အသွယ် ပြတ်တောက်ခဲ့မှုကြောင့် ပွဲစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  ပွဲချိန် ပထမပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်ပြီး  ကွင်းလယ်ဒိုင်လူကြီးနှင့် VAR စနစ် အဆက်အသွယ်ပြတ်တောက်ခဲ့သည့် အတွက်   ကွင်းလယ်ဒိုင်လူကြီး   ခရစ်ကယ်ဗန်နက်က   ပွဲကို  ခေတ္တရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်  လျှပ်စစ်မီး ပြန်လည်ရရှိသည့် အတွက် ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကစားခဲ့ရာတွင် အာဆင်နယ်အသင်းက ဆာကာ၏  တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းသည် လိဒ်အသင်းကို အနိုင်ရရှိ ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်   နယူးကာဆယ်အသင်း၊  ချယ်လ်ဆီးအသင်း၊  မန်စီးတီး အသင်းနှင့်   လီဗာပူး အသင်းတို့ပြီးလျှင်  ရာသီအစ ၁၀ ပွဲကစားအပြီးတွင် ကိုးပွဲနိုင်ပွဲ ရယူနိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး   ချန်ပီယံဆုအတွက်လည်း ပိုမိုရေပန်းစား လာခဲ့ကြောင်း သိရသည်။