မန်ယူအသင်းနှင့် ပွဲပေါင်း ၅၀၀ ပြည့်မြောက်သည့် ဒီဂီယာနှင့် ကလပ်သွင်းဂိုး ၇၀၀ ပြည့်မြောက်သည့် စီရော်နယ်ဒိုတို့ကို ဖာဂူဆန်က ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်

မန်ယူအသင်းနှင့် ပွဲပေါင်း ၅၀၀ ပြည့်မြောက်သည့် ဒီဂီယာနှင့် ကလပ်သွင်းဂိုး ၇၀၀ ပြည့်မြောက်သည့် စီရော်နယ်ဒိုတို့ကို ဖာဂူဆန်က ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်

    မန်ယူအသင်း ဂန္ထဝင်နည်းပြတစ်ဦးဖြစ်ပြီး လက်ရှိ ကလပ်အသင်း အကြံပေးအဖွဲ့တွင် တာဝန်ထမ်းဆောင် နေသည့်   ဖာဂူဆန်က  မန်ယူအသင်းနှင့်  ပြိုင်ပွဲစုံ သွင်းဂိုး  ၅၀၀  ပြည့်မြောက်ခဲ့သည့်  ဂိုးသမားဒီဂီယာ နှင့် ကလပ်သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့သည့် စီရော် နယ်ဒိုတို့ကို   ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ်  ဒီဂီယာသည် ၂၀၁၁ ခုနှစ်က အက်သလက်တီကို အသင်းမှ မန်ယူအသင်းသို့  ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး  အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားလျက်ရှိရာ   နယူးကာဆယ် အသင်းနှင့်ပွဲစဉ်တွင် အသင်းနှင့် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

အလားတူ မန်ယူအသင်းသမိုင်း တစ်လျှောက်တွင်လည်း ဒီဂီယာသည် ရိုင်ယန်ဂစ်၊ ဘော်ဘီချာလ်တန်၊ ပေါလ်စခိုး၊ ဘီလ်ဖောကက်စ်၊ ဂယ်ရီနဗီးလ်၊ ရွန်းနီ၊  အဲလက်စ်စတက်နေး၊ တွမ်နီဒန်နီ၊ ဒင်းနစ်အိုင်ဝင်နှင့်  ဂျိုးစပန့်တို့ပြီးလျှင် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀၀ ပြည့်မြောက် သည့်   ၁၁ ဦးမြောက် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဂိုးသမားများတွင် ပွဲပေါင်းအများ ဆုံးပါဝင်ကစားသည့် ကစားသမားအဖြစ်ပါ မှတ်တမ်း ဝင်ခဲ့ခြင်းဖြစ်သည်။

အလားတူ စီရော်နယ်ဒိုသည်လည်း အောက်တိုဘာ ၁၀ ရက်က ကစားခဲ့သည့် အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး  တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ကလပ်သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

နည်းပြ ဖာဂူဆန်က ဒီဂီယာနှင့် စီရော်နယ်ဒိုတို့ကို   ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်   မန်ယူအသင်းနှင့် နယူးကာဆယ်အသင်းတို့ ကစားသည့်  ပွဲစဉ်မတိုင်မီ ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။