တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(ဃ) ပွဲစဉ်( )ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ပြသမည်

တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(ဃ) ပွဲစဉ်( )ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ပြသမည်

နေပြည်တော်  အောက်တိုဘာ  ၁၉

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်  Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှစတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့် အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/ တေးသံရှင်များ ဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများ အဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏အုပ်စု(ဃ) ပွဲစဉ်(၈)ကို  အောက်တိုဘာ ၂၁ ရက် သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကရင်ပြည်နယ်မှ စောရဲရဲ၊ ကချင်ပြည်နယ်မှ လလဆွတ်၊ မွန်ပြည်နယ်မှ ယွန်းလေး၊ မန္တလေး တိုင်းဒေသကြီးမှ ညွန့်ညွန့်ဇော်၊ ပဲခူးတိုင်းဒေသကြီးမှ မြမြသက်၊ ဧရာဝတီတိုင်းဒေသကြီးမှ မေသဲစု၊ မကွေးတိုင်းဒေသကြီးမှ အောင်ခိုင်စိုး၊ ရှမ်းပြည်နယ်မှ အင်ကြင်းမေနှင့် နေပြည်တော်မှ ပူတူး စုစုပေါင်းပြိုင်ပွဲဝင်ကိုးဦးတို့၏ စိတ်ကြိုက် တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီသတင်းများအပြီးတွင် MRTV -HDမှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။