ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၈

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလ အတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်း အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရွှေနတ်တောင်ဘုန်းတော်ကြီး ကျောင်းနှင့် သီပေါမြို့နယ်၊ ဘော်ကြိုဘုရားကြီး ကျောင်းတိုက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ငွေဟင်္သာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဝေနေယျသုခပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ရေလည်ကင်းကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ လက်ပံတန်းမြို့၊ ခေါင်းလောင်းတိုင် ကျေးရွာ ဘုန်း တော်ကြီးကျောင်း၊ ဒိုက်ဦးမြို့၊ ကျွဲတဲကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်၊ မဟာပညာဗိမာန် ပရဟိတ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ မအူတောကျေးရွာ၊ ကမ္ဘာစံဘုန်းတော်ကြီးကျောင်းနှင့် သဲဖြူကျေးရွာ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

ထို့အပြင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူ ဖြစ်စေရန်အ တွက်  တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့၊  ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံ မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊  လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့နှင့် ဒလမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ လက်ပံတန်းမြို့၊ ဒိုက်ဦးမြို့၊ ရွှေကျင်မြို့နှင့် ပြည်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေ များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာ ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို Covid-19   ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည် များ၊Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။