ချယ်လ်ဆီးအသင်းက ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းသော်လည်း ငြင်းပယ်ခဲ့ပြီး လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆို

ချယ်လ်ဆီးအသင်းက ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းသော်လည်း ငြင်းပယ်ခဲ့ပြီး လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆို

ချယ်လ်ဆီးအသင်းက    ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းသော်လည်း ဂျော်ဂျင်ဟိုက ငြင်းပယ်ခဲ့ပြီး လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၀ အရွယ် ဂျော်ဂျင်ဟိုသည် ၂၀၁၈ ခုနှစ်က နာပိုလီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းတွင် အဓိက ကွင်းလယ် ကစားသမားအဖြစ်   ခြေစွမ်းပြလျက် ရှိသည့်အတွက် ချယ်လ်ဆီးအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့်  ဂျော်ဂျင်ဟိုတို့၏  လက်ရှိစာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီ အပြီးတွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်ပင် ပြောင်းရွှေ့ကစားလိုသည့် အသင်းနှင့် တရားဝင်ဆွေးနွေးခွင့် ရရှိမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းက    အဓိက ကွင်းလယ်ကစား သမားတစ်ဦးကို လက်မလွှတ်လိုသည့် အတွက် လက်ရှိရရှိနေသည့်  တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၂၀၀၀၀ ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းသော်လည်း ဂျော်ဂျင်ဟိုကိုယ်တိုင်က ငြင်းပယ်ခဲ့ပြီး တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၅၀၀၀၀ အထိ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဂျော်ဂျင်ဟို ကိုယ်တိုင်က ယခုဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ ကစားလိုခြင်း ဖြစ်ကြောင်း သိရသည်။