၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အီတလီစီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုများကို အေစီမီလန်အသင်းမှ နည်းပြ ပီအိုလီနှင့် ကစားသမား လီအိုတို့ရရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အီတလီစီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုများကို အေစီမီလန်အသင်းမှ နည်းပြ ပီအိုလီနှင့် ကစားသမား လီအိုတို့ရရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အီတလီစီးရီးအေ တစ်နှစ်တာအကောင်းဆုံးဆုများကို   အေစီမီလန် အသင်းမှ နည်းပြပီအိုလီနှင့် ကစားသမား လီအိုတို့ ရရှိခဲ့ကြကြောင်း သိရသည်။

အီတလီစီးရီးအေ တစ်နှစ်တာအကောင်းဆုံးဆုများကို အီတလီနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် အီတလီကစားသမားများ အစည်းအရုံးတို့  ပူးပေါင်းရွေးချယ်ခြင်း ဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လီအိုနှင့် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို နည်းပြပီအိုလီတို့က ဆွတ်ခူးနိုင်ခဲ့သည်။

နည်းပြ ပီအိုလီသည်  ၂၀၂၁-၂၀၂၂  ဘောလုံးရာသီတွင် အေစီမီလန်အသင်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ကွာဝေးနေသည့် အီတလီစီးရီးအေ ချန်ပီယံဆုကို   ဆွတ်ခူးပေးနိုင်ခဲ့သည့် အတွက်  တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုအား  ဆွတ်ခူးနိုင်သကဲ့သို့ အသက် ၂၃ နှစ်အရွယ် လီအိုသည်လည်း ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက အေစီမီလန်အသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင်  ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်သည်။

လီအိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက စီးရီးအေ ၃၄ ပွဲအထိပါဝင်ကစားခွင့် ရရှိခဲ့ပြီး ၁၁ ဂိုးသွင်းယူနိုင်ကာ  ၁၀  ကြိမ်အထိ  ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သည့် အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

တခြားဆုများအဖြစ် အကောင်းဆုံး အသင်းဆုကို အေစီမီလန်အသင်း၊ အကောင်းဆုံး ခံစစ်ကစားသမား ဆုကို တိုရီနိုအသင်းမှ ဘရာမာ၊ အကောင်းဆုံးကွင်း လယ်ကစားသမားဆုကို     အင်တာမီလန်အသင်းမှ ဘရိုဇိုဗစ်၊ အကောင်းဆုံး တိုက်စစ်ကစားသမားဆုကို လာဇီယိုအသင်းမှ  အမ်မိုဘီလီတို့က  ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။