ဗီယက်နမ်၌ စစ်တန်းလျားများအပေါ်မြေပြိုမှုကြောင့် စစ်သည် ၁၁ ဦးသေဆုံး

ဟနွိုင်း၊ သဘာဝဘေး

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကွမ်ချီပြည်နယ် အမှတ်(၄) စစ်ဒေသ၏ တပ်ရင်းတစ်ရင်းရှိ စစ်တန်းလျားများ အပေါ် အောက်တိုဘာ ၁၈ ရက်တွင်  မြေပြိုမှုဖြစ်ပွားရာ စစ်သည် ၁၁ ဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးကြောင်း သိရသည်။

တာဝန်ရှိသူများသည် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေပြီး ယင်းဖြစ်စဉ်သည်  ငြိမ်းချမ်းသည့် ကာလအတွင်း စစ်ဘက်အတွက်စစ်သည် အများဆုံး သေဆုံးမှုဖြစ်သည်။

ထို့ပြင် သူသီယန်ဟွေပြည်နယ်၌ ယခုသီတင်းပတ်အတွင်းမြေပြိုမှုများဖြစ်ပွားရာ လူ ၁၃ ဦးသေဆုံးပြီး အများစုမှာ စစ်သည်များ ဖြစ်ကြောင်းသိရသည်။

နိုင်ငံအလယ်ပိုင်း၌ အောက်တိုဘာလ အစောပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုနှင့် မြေပြိုမှု များဖြစ်ပွားကာ လူပေါင်း ၇၀ ကျော်သေဆုံးထားသည်။ ယင်းဒေသ၌ လာမည့်ရက် အနည်းငယ်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ထို့ကြောင့် အဆိုပါဒေသအတွင်း နောက်ထပ်မြေပြိုမှုများ ဖြစ်ပွားနိုင်သည့်အတွက် ကယ်ဆယ်ရေးသမားများ အနေဖြင့် စိတ်ချရမှုရှိသည့် လမ်းကြောင်းကို ရှာဖွေအသုံးပြုရန် ကြည်းတပ်ဦးစီးအရာရှိချုပ်က သတိပေး ထားသည်။

Ref: CNA