ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့်လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine (၁၀၀၀၀၀) doses နှင့် ဆေးထိုးအပ်များ ရောက်ရှိ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့်လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine (၁၀၀၀၀၀) doses နှင့် ဆေးထိုးအပ်များ ရောက်ရှိ

ရန်ကုန်  အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ တစ်ဆင့်လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine (၁၀၀၀၀၀) doses နှင့် ဆေးထိုးအပ်များသည် ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ    ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များသည်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ကာကွယ်ဆေးများအား လွှဲပြောင်းလက်ခံကြသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးခဲ့ရာ အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ၉၄ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပ ကလေးများကို အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ၇ ဒသမ ၈၉ ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခုထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက် ၅နှစ်မှ ၁၁ နှစ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသော အခြေခံပညာ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးများကို ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။