ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံးပြေးနှုန်းဖြင့် ဂိုးသွင်းယူနိုင်သည့် ဝေါ်ကာ၏စံချိန်ကို လီဗာပူးအသင်း တိုက်စစ်ကစားသမား ဒါဝင်နူနက်စ် ကျော်ဖြတ်

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံးပြေးနှုန်းဖြင့် ဂိုးသွင်းယူနိုင်သည့် ဝေါ်ကာ၏စံချိန်ကို လီဗာပူးအသင်း တိုက်စစ်ကစားသမား ဒါဝင်နူနက်စ် ကျော်ဖြတ်

လီဗာပူးအသင်းနှင့်  ဝက်စ်ဟမ်းအသင်းတို့ ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးအသင်း တိုက်စစ် ကစားသမား  ဒါဝင်နူနက်စ်သည် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်   အမြန်ဆုံးပြေးနှုန်းဖြင့် ဂိုးသွင်းယူသည့် မန်စီးတီးအသင်းမှ ဝေါ်ကာ၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက  ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  ဒါဝင်နူနက်စ်က ပွဲချိန် ၂၂ မိနစ်တွင် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သည့်အပြင် စံချိန်ကောင်း တစ်ရပ်ကိုပါ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး ပြေးနှုန်းဖြင့်  ဂိုးသွင်းယူခဲ့သည့်  မန်စီးတီးအသင်းမှ  ဝေါ်ကာက ၂၀၂၀ ပြည့်နှစ်က တစ်နာရီလျှင် ၃၇ ဒသမ ၈၀၂ ကီလိုမီတာဖြင့်ပြေးပြီး   ဂိုးသွင်းယူနိုင်ခဲ့ခြင်းကို ယခုအခါ ဒါဝင်နူနက်စ်က ၃၇ ကီလိုမီတာနှုန်းဖြင့်ပြေးပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ကစားသမား အပြောင်းအရွှေ့ကာလတွင် စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘင်ဖီကာ အသင်းမှ ပြောင်းရွှေ့ကစားခဲ့သည့် ဒါဝင်နူနက်စ်သည် လီဗာပူးအသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး ဝက်စ်ဟမ်းအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် အိမ်ကွင်း၌ ပထမဆုံးသွင်းဂိုး  သွင်းယူနိုင်ခြင်း ဖြစ်ကြောင်း  သိရသည်။