အသက် ၄၀ ကျော်ကျန်းမာရေး

အသက် ၄၀ ကျော်ကျန်းမာရေး

အနောက်တိုင်းအယူအဆမှာ “အသက် ၄၀ကျော်မှဘဝစတယ်” ဆိုတယ်။ တကယ်တမ်းဆေးပညာအရ အသက် ၄၀ ကျော်ရင် ရောဂါတစ်ခုခုတွေ့ရနိုင်တယ်။ နှစ်စဉ်ဆေးစစ်နိုင်တယ်ဆိုချင်ပါတယ်။ အသက် ၄၀ ကျော်လာတဲ့အခါ အများစုက အလိုလိုနေရင်း ဝလာတတ်တယ်။ ဇီဝရုပ်ဖြစ်ပျက်မှုနည်းတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဆီနဲ့အချိုစာတွေ ပိုစားမိလို့ဝလာတာ ပိုစေပါတယ်။

အပြင်စာတွေမစားသင့်  

ပြန်ကြော်ဆီ၊ တိရစ္ဆာန်ဆီနဲ့စီမံထားတဲ့ အသင့်အမြန်စားအစာများဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့၊ ပြင်ပထမင်း၊ ဟင်းတို့ မစားသင့်ပါဘူး။ ဓာတုပစ္စည်းများ၊ အော်ဂဲနစ်ဓာတ်ပစ္စည်းများ၊ ပြည့်ဝဆီနဲ့စီမံထားလို့ ကယ်လိုရီပိုလျှံ စားသုံးမိ တတ်တယ်။ ကယ်လိုရီလျှော့ချလိုရင်အပြင်စာ(သရေစာ)ကို ရှောင်သင့်ပါတယ်။

အချိုရည်၊ အချိုဘူးရှောင်သင့်

အချိုရည်သောက်သုံးမှုကို လျှော့ချလိုက်ရင် ကယ်လိုရီရနိုင်တဲ့ အခြားအစာတွေ လျှော့ချလိုက်တာထက် ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုမိုထိရောက်မှုရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်လေ့လာမှုအရ သိရပါတယ်။ အချိုရည်ကရတဲ့ အချိုရည် ကယ်လိုရီက စိတ်ကျေနပ်မှုကို နည်းစေပြီး ဆာလောင်မှုကိုပိုစေပါတယ်။

အသားဓာတ်ပါဝင်အောင်စားသင့်

ဥရောပလေ့လာမှုတစ်ခုအရ ကိုယ်အလေးချိန်လျှော့ချသူတွေကို တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီရဲ့ ၂၅ ရာခိုင်နှုန်းကို ပရိုတင်းများစွာ အကျိုးရှိတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတင်းကဗိုက်ပြည့်ဝစေပြီး အစာချေဖျက်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေထက် စွမ်းအင်ပိုမိုအသုံးပြုတာကြောင့်လို့ ပညာရှင်တွေကဆိုတယ်။ ကြက်သားသုံးအောင်စကနေ ပရိုတင်း ၂၆ ဂရမ်၊ တူနာငါး သုံးအောင်စကနေပရိုတင်း ၂၂ ဂရမ်ကိုရရှိနိုင်ပါတယ်။

ညစာမစားမီစွပ်ပြုတ်သောက်သင့်

ညစာမစားမီ စွပ်ပြုတ်သောက်တာကြောင့် ကယ်လိုရီစားသုံးမှု ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့ သုတေသီကဆိုတယ်။ ကယ်လိုရီ ပိုရတဲ့ ခရင်နဲ့ အချိုများတဲ့ အစာစားသင့်တယ်။

အသီးအရွက်ဖျော်ရည်သောက်သင့်

အသီးအရွက်ဖျော်ရည်က အစာစားချင်စိတ်ကို လျော့နည်းစေပြီး ကယ်လိုရီရဲ့စားသုံးမှုကို လျှော့ချပေးပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်သုတေသီတွေက မစ္စတာဒေးဗစ်က  အမျိုးသမီးရော၊  အမျိုးသားတွေပါ ကယ်လိုရီနည်းပြီး နှလုံးကျန်းမာစေဖို့ ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ အသက် ၄၀ ကျော်ရင် စိတ်ဖိစီးမှုများတတ်တယ်။ စိတ်ဖိစီးမှုဖြစ်လာရင် အမြန်ဆုံး ဖြေဖျောက်အောင် ပြုသင့်ပါတယ်။  စိတ်ဖိစီးမှုကို ဖြေလျှော့မပေးဘဲထားရင် ကြာလာတဲ့အခါ ခန္ဓာကိုယ်မှာ ဝေဒနာမျိုးစုံခံစားရတတ်ပါတယ်။

ဇက်ကြောလျှော့ပေးသင့်

စိတ်ဖိစီးမှုဖြစ်တဲ့အခါ ပထမဆုံးစသိနိုင်တာက လည်ပင်းဖြစ်တယ်။ အများစုက ဇက်ကြောတက်တယ်လို့ ပြောတတ်ကြတယ်။ စိတ်ဖိစီးမှုကြောင့် လည်ပင်းတောင့်တင်းလာရင် ညာဘက်လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက်အနောက်နားကို  ထိထားပြီး ဦးခေါင်းကိုညာဘက်ပခုံးဆီဖြည်းဖြည်းချင်းဆွဲသင့်ပါတယ်။ တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှု ကြောင့် ဇက်ကြော တောင့်တင်းတာ သက်သာသွားနိုင်ပါတယ်။

တေးဂီတနားဆင်သင့်

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့စဉ်စိတ်ညစ်ညူးစရာတွေကြုံရတာနဲ့ သွေးပေါင်အနည်းငယ် တက်ကာဖြစ်ပေါ် စေတယ်လို့ဆိုတယ်။  လေ့လာသူတွေက တေးဂီတနားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေထိုင်တာယှဉ်ပြီး  လေ့လာကြည့်တဲ့အခါ တေးဂီတနားဆင်တာက သွေးပေါင်ပိုမို ကျဆင်းစေတာကို တွေ့ရပါတယ်။  စိတ်ဖိစီးမှုများပြီး စိတ်ညစ်ညူးနေတဲ့အခါ    တေးဂီတကို နားဆင်တာကစိတ်ဖိစီးမှုကို  အကောင်းဆုံးလျှော့ချပေးနိုင်တဲ့နည်းလမ်းဖြစ်တယ်။ အချို့တေးဂီတသံတွေက လူရဲ့စိတ်ကို နူးညံ့စေပါ တယ်။ အချို့ကတရားခွေထည့်ပြီး  တရားနားဆင်တတ်တယ်။   ကောင်းမွန်တဲ့လုပ်ဆောင်မှုဖြစ်ပြီး စိတ်ဖိစီးမှုလျော့ကျနိုင်ပါတယ်။

နေ့ခင်းတစ်ရေးအိပ်သင့်

ဖြစ်နိုင်ရင်နေ့ခင်း တစ်ရေးအိပ်တာက ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေ မောင်းထုတ်နိုင်ပါတယ်။ လေ့လာမှုအရ နေ့ခင်းဘက်မှာ  နာရီဝက် လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းတယ်ဆိုတယ်။

အသက်ရှူသွင်းရှူထုတ်ဖို့ သတိပြုသင့်

သက်သောင့်သက်သာထိုင်ပြီး ကိုယ့်မျက်စိတွေမှိတ်ထားတာကအာရုံစိုက်ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုပဲဖြစ်တယ်။ ရှူသွင်းလိုက်တဲ့ လေတွေက ခန္ဓာကိုယ်အနှံ့ဝင်ရောက်ပြီး  ရှူထုတ် လိုက်တဲ့အခါ ခန္ဓာကိုယ်မှမလိုအပ်တာတွေ ဖယ်ရှားရှင်းလင်းသင့်ပါတယ်။ ရေခဲကပ်ပေးနိုင်တယ်။ ပတ်ဝန်းကျင်မှာ အေးအေးချမ်း ချမ်းရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုများစေပြီး  စိတ်ကိုတည်ငြိမ်စေတယ်။ အလုပ်မှာစိတ်ဖိစီးမှုများတဲ့အခါ ရေခဲကိုကတက်လေးနဲ့ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာ တင်ထားသင့်တယ်။စိတ်တည်ငြိမ်မှုရစေပြီး  ဖိစီးမှုပြေပျောက်သွားပါတယ်။ အဲယားကွန်းခန်းထဲအနားယူသင့်ပါတယ်။

ချွေးထွက်အောင်နေ့စဉ်နာရီဝက်မှ တစ်နာရီအားကစားတစ်ခုခုအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊စက်ဘီးစီး၊ ရေကူးပြုသင့်ပါတယ်။ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုလျော့စေတယ်။ ရုံးကနေအိမ်ပြန်ရောက်တဲ့အခါ အိမ်အနီးအနား ပတ်ဝန်းကျင်ကို လမ်းပတ် လျှောက်တာ မျိုးတွေလုပ်ပေးတာ ဥယျာဉ်လုပ်တာက စိတ်ဖိစီးမှုလျော့ကျစေပါတယ်။

အားကစားလုပ်ရင် ချွေးထွက်လာတာက ပိုလျှံတဲ့ကယ်လိုရီကိုအသုံးချလိုက်လို့ အဝလွန်မှုလျော့ကျကာ ဆီးချိုသွေးချိုလျော့စေ တယ်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ လျော့စေပါတယ်။ အသက် ၄၀ ကျော်ရင်သွေးတိုး၊ ဆီးချိုဖြစ်နိုင်ပါတယ်။ ဆွေမျိုး ထဲမှာနှလုံး၊ သွေးတိုး၊ ဆီးချိုရှိရင် ကိုယ့်မှာလည်းရှိနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေအမြင်မှုန်ဝါးနိုင်တယ်။ မျက်စိအမြင်အာရုံ ထိခိုက်တာကို အများဆုံးခံစားရတယ်။ အမြင်မှုန်ဝါးတာအပြင် အခြားအမြင်ဆိုင်ရာ ပြဿနာတွေခံစားရတတ်တယ်။ သွေးတွင်း သကြားဓာတ်များလာတာကြောင့်မျက်စိအတွင်း မှန်ဘီလူးရောင်ရမ်းခြင်း၊ အမြင်အာရုံထိခိုက်ခြင်း ဖြစ်နိုင်ပါတယ်။

ဆီးချိုဖြစ်ရင် ရုတ်တရက်ကိုယ်အလေးချိန်လျော့ကျနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင်ဘာမှလုပ်ဆောင်မှုမရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းရင် ဆီးချို ရှိ၊ မရှိ၊ ဆီးချိုစက် (Glucometer) ဖောက်စစ်ကြည့်သင့်ပါတယ်။ ဆီးအလွန် အမင်းသွားတာကြောင့် ကိုယ်အလေးချိန်လျော့ကျသွားတယ်။ အမျိုးအစား(၁)ဆီးချိုမှာတက်လာတယ်။

အလွန်အမင်းဆာလောင်တတ်တယ်။ ဘာကြောင့်မှန်းမသိ စားပြီးရင်းစားချင်နေတယ်။ ဆီးချိုရောဂါမှာ ဂလူးကို့တွေဆဲလ်အတွင်း မဝင်ရောက်အောင်တားဆီးထားလို့ ခန္ဓာကိုယ်အတွက် စွမ်းအင်မရလို့ဆာနေတတ်တယ်။

အရေပြားမှိုစွဲတတ်တယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မိန်းမကိုယ်မှိုစွဲတာခံစားရတဲ့အခါ   သွေးတွင်းသကြားဓာတ်များပြားနေတာကြောင့် ရောဂါသက်သာဖို့အချိန်ကြာတတ်ပါတယ်။

ထုံကျဉ်ခြင်းဖြစ်နိုင်ပါတယ်။  ဆီးချိုလက္ခဏာတစ်ရပ်မှာ သွေးတွင်းသကြားဓာတ်များပြားနေတာကြောင့် အာရုံကြောတွေပျက်စီးကာ ထုံကျဉ်မှုခံစားရတတ်ပါတယ်။တကယ်တော့ အသက် ၄၀ ကျော်မှာ အမျိုးသမီးအချို့မီးယပ်ဆုံးသွားတာ ကလေးမမွေးနိုင်တော့လို့ ကလေးတားဆေးစားသောက်ဖို့ မလိုတော့တာ စိတ်ချလက်ချ လိင်ဆက်ဆံနိုင်တာ တွေ့ရပါတယ်။ အမျိုးသားတွေအတွက်တော့ ဆီးကျိတ် အနည်းငယ်ကြီးလာပြီး တက်စတိုစတုန်း(Testostrone)ဟော်မုန်းထုတ်လုပ်မှုများက လိင်ဆန္ဒပြင်းပြ တတ်ပါတယ်။    ။

ဒေါက်တာလွင်သန့်