ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့််တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့််တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ အောက် တိုဘာ ၂၆ ရက်က ဘားအံမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း နှင့် ပြည်နယ်သမဝါယမဦးစီးဌာနတို့သို့ ရွေ့လျားစာကြည့်တိုက် (Mobile Library)  မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ  ငှားရမ်း ပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ က ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာပေဝါသနာပါသူ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန်     ရွေ့လျားစာကြည့်တိုက် (Mobile Library)  မော်တော်ယာဉ်ဖြင့်  စာအုပ်စာစောင်များ  အခမဲ့ ငှားရမ်းပေးခြင်းဖြစ်သည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျား စာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့်     စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင်   တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး တစ်ဦးလျှင် နှစ်အုပ်နှုန်းဖြင့် နှစ်ပတ်အထိ ငှားရမ်းဖတ်ရှုနိုင်ပြီး   နှစ်ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့်   လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။               

ချမ်းမြေ