တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေ) ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာနှင့် ကျန်းမာရေးသုံး(Mask)များပေးအပ်

ဓနုဖြူ၊ လူမှုရေး

တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေ) ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာနှင့် ကျန်းမာရေးသုံး(Mask)များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဓနုဖြူမြို့နယ် ပြင်ကသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပြင်ကသာကျောင်းမှ တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေ) ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့်ကျန်းမာရေးသုံး (Mask)များပေးအပ်ခြင်းကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးလှဌေးတို့က ဓနုဖြူမြို့နယ် ပြင်ကသာ ကျေးရွာအုပ်စု ပြင်ကသာကျေးရွာရှိ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ပြင်ကသာ)မှပြင်ပဖြေအဖြစ်  ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးတို့အား ဓနုဖြူမြို့ နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်မြင့်မားရေးအတွက်  အချိန်ပိုသင်တန်းပို့ချနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် သင်ထောက်ကူပစ္စည်းများဖြစ်သည့် ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်သုံးချောင်း၊ ပေတံ တစ်ချောင်းနှင့်အဝတ် (Mask)နှစ်ခုပါ တစ်ထုပ်တို့အား  သွားရောက်ပေးအပ်သည်။

အဆိုပါပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအား တနင်္လာနေ့မှသောကြာနေ့အထိ အတွင်းဖြေကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းချိန်အတိုင်း သင်ကြားပေးလျက်ရှိပြီး ဓနုဖြူမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(ပြင်ကသာ)မှ ၂၆ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း(ကျုံတနီး)မှနှစ်ဦး၊ အခြေခံပညာ အထက်တန်းကျောင်း(တော်ဝ)မှတစ်ဦး၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) (သိမ်ကုန်း)မှနှစ်ဦး၊ အခြေခံပညာ အထက်တန်းကျောင်း(နှဲကြိုး)မှ နှစ်ဦးစုစုပေါင်း ၃၃ ဦးတို့သည် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌   ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)