အခြေခံပညာမူလတန်းလွန်ကျောင်း ျွဃဃ တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှု နှစ်ဆယ်ရာခိုင်နှုန်းပြီးစီး

နတ်မောက်၊ ပညာရေးကဏ္ဍဖွံ့ဖြိုးရေး

အခြေခံပညာမူလတန်းလွန်ကျောင်း ျွဃဃ တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှု နှစ်ဆယ်ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်စေရန်အတွက် နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းမြေနေရာ၌ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ အလျားပေ ၆၀၊ အနံပေ ၃၀ ရှိသည့် RCC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၂၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၅၂ ဒသမ ၆၅၀ သန်းဖြင့် တင်ဒါ အောင်မြင်သော စိန်ရတနာဖြိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို ကျေးရွာ အရည်အသွေး စစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မူမူစန်း