အသိပေးထုတ်ပြန်ချက်များ ပြည်သူများ သိရှိနိုင်ရေး ရက်တိုးမြှင့် ဆောင်ရွက်

အသိပေးထုတ်ပြန်ချက်များ ပြည်သူများ သိရှိနိုင်ရေး ရက်တိုးမြှင့် ဆောင်ရွက်

    မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးတင်စိုးဦးဆောင်သော ဝန်ထမ်းများက အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းတွင် မြို့မဈေး၌  လမ်းသွားလမ်းလာများနှင့်  ဈေးရောင်း၊  ဈေးဝယ်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆^၆ နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာရုံးသို့ သွားရောက်နိုင်ကြောင်း မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်များအား ရက်တိုးမြှင့် ထပ်မံကြေညာကြောင်း သိရသည်။

    အဆိုပါအသိပညာပေး ထုတ်ပြန်ချက်တွင်  သတ်မှတ်ကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေ စာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား  နီးစပ်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့်  သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဦးတင်စိုးက ပြောကြားသည်။

လူတစ်ဦးသည် ကိုင်ဆောင်ကတ်ပြား တစ်ခုသာ ရှိရမည်ဖြစ်ရာ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုထက်ပို၍ ကိုင်ဆောင်ထားပါက    သက်ဆိုင်ရာမြို့နယ်ရုံးသို့ အမြန်သွားရောက် အပ်နှံရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁ ရက်အထိ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ   အတည်ပြုမည်ဖြစ်ကြောင်း၊ အလားတူ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ တစ်ခုထက်ပို၍  ကိုင်ဆောင်ထားသူများ အနေဖြင့်လည်း   သက်ဆိုင်ရာရုံးသို့ အမြန်သွားရောက် သတင်းပို့ဖြေရှင်း ဆောင်ရွက်ရေးနှင့် နောက်ဆုံးထုတ်ယူထားသော လိပ်စာ ပုံစံ ၆၆/၆ ကိုသာ အတည်ပြုမည်ဖြစ်ကြောင်း၊ အသိပေးကြေညာခြင်း လုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ရက်ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။