ကွင်းလယ် ဒိုင်လူကြီးကို စောဒကတက်သည့်အတွက် လီဗာပူးအသင်း နည်းပြကလော့ ပွဲပယ်ခံရမည် မဟုတ်ဘဲ ဒဏ်ကြေးငွေသာ ပေးဆောင်ရမည်

ကွင်းလယ် ဒိုင်လူကြီးကို စောဒကတက်သည့်အတွက် လီဗာပူးအသင်း နည်းပြကလော့ ပွဲပယ်ခံရမည် မဟုတ်ဘဲ ဒဏ်ကြေးငွေသာ ပေးဆောင်ရမည်

မန်စီးတီးအသင်းနှင့်  လီဗာပူးအသင်းတို့ ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့သည့်အတွက် စွဲချက်တင်ခံထားရသည့် လီဗာပူးအသင်းနည်းပြ ကလော့အနေဖြင့်   ပွဲပယ်ပြစ်ဒဏ် ကျခံရမည်မဟုတ်ဘဲ   ဒဏ်ကြေးငွေသာပေးဆောင်စေရန် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(အက်ဖ်အေ)က ပြစ်ဒဏ်ခ ျမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  လီဗာပူးအသင်းက  မန်စီးတီးအသင်းကို ဆာလက်ချ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခြင်းဖြစ်ပြီး ပွဲချိန် ၈၆ မိနစ်တွင် မန်စီးတီး အသင်းကစားသမားများ ဆာလက်ချ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သော်လည်း ပြစ်ဒဏ်ဘော သတ်မှတ်ပေး ခြင်းမရှိသည့်အတွက် နည်းပြကလော့က စည်းကြပ်ဒိုင်ကို စောဒက တက်ခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီး  အန်သိုနီတေလာက အနီကတ်ပြ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်အပြီးတွင် နည်းပြကလော့က မိမိ၏ လုပ်ရပ်အတွက် ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာနှင့် ဒိုင်အဖွဲ့ဝင်များကို တောင်းပန်သည်ဟု ပြောကြားခဲ့သော်လည်း   အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က  အရေးယူရန် စွဲချက်တင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နည်းပြကလော့ကို ပွဲပယ်ပြစ်ဒဏ်မချမှတ်ဘဲ ဒဏ်ကြေးငွေ စတာလင်ပေါင်  ၃၀၀၀၀  ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။