နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် သင်တန်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၈  ရက်အထိ လက်ခံဆောင်ရွက်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

ကြေညာချက်

၁။      သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့်  ကွန်ပျူတာတက္ကသိုလ်များတွင်  ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ်၊  နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ် လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ(၁၈-၁၁-၂၀၂၂) ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

၂။      ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက်  ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန