(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

ဘားအံ   အောက်တိုဘာ  ၃၀

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံဂေါက်ကလပ်၌ ကျင်းပပြီး လှိုင်းဘွဲ့၊ ဖာပွန်၊ မော်လမြိုင်၊ ကျိုက်ထို၊ ဘားအံမြို့နယ်တို့မှ ဂေါက်သီးရိုက် အသင်း ၁၀ သင်း၊ အားကစားသမား ၁၃၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ဖွင့်လှစ်ပေးခဲ့ကြပြီး အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ ကျင်းပုန်းဆု၊ အကြိုးစားဆုံးဆုနှင့် Handicap 19 to 24 အငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ၊ Handicap 0 to 18 အကြီးတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ အသင်းလိုက် တတိယဆုရ လှိုင်းဘွဲ့(က)အသင်း၊ ဒုတိယဆုရ မော်လမြိုင်(ခ)အသင်းနှင့် ပထမဆုရရှိသော ဘားအံ(က)အသင်းတို့ကို ငွေသားဆု၊ ဆုကလာပ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)