အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက်

အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက်

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများ လွှဲပြောင်းသည့်ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည်

နိုင်ငံတော်အတွက်  နိုင်ငံခြားငွေများကို  တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့်  ပြည်ပရောက် မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ/လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက်  အမေရိကန်တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ)အပေါ်တွင် ၃၀ ကျပ်အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွား

မည်ဖြစ်ကြောင်းနှင့်  ယင်းသို့ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ချင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍    အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါသည်။                            

                                  မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၂၈-၁၀-၂၀၂၂)