နိုကီယာကုမ္ပဏီက လပေါ်၌ဆယ်လူလာကွန်ရက် တည်ဆောက်ခွင့်ရ

ဟယ်ဆင်ကီ၊ နည်းပညာ

ဖင်လန်နိုင်ငံအခြေစိုက် နိုကီယာကုမ္ပဏီသည် လပေါ်၌ပထမဆုံးဆယ်လူလာ ကွန်ရက်တစ်ခုတည်ဆောက်ခွင့် ကို အမေရိကန် အာကာသအေဂျင်စီထံမှရရှိကြောင်း အဆိုပါကုမ္ပဏီက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။

အဆိုပါ ဆယ်လူလာကွန်ရက် တည်ဆောက်မှုသည် ၂၀၂၄ ခုနှစ်တွင် လပေါ်သို့ လူသားများ ပြန်လည်စေလွှတ် ကာ ထိုနေရာ၌ ရေရှည်အခြေချစခန်းများ တည်ဆောက်မည့် အမေရိကန်အာကာသအေဂျင်စီ၏ ဆောင်ရွက် ချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

လပေါ်၌ ပထမဆုံးကြိုးမဲ့ ကွန်ရက်ဆက်သွယ်မှုစနစ်ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း နိုကီယာကုမ္ပဏီက ပြောသည်။

နိုကီယာကုမ္ပဏီအနေဖြင့် ၎င်းတို့၏ဆက်သွယ်ရေး ပစ္စည်းကိရိယာများကို လပေါ်သို့ပို့ဆောင်ရန် တက္က ဆက်ပြည်နယ် အခြေစိုက် အာကာသယာဉ် ဒီဇိုင်းကုမ္ပဏီဖြစ်သည့် အင်ကျူတစ်မက်ရှင်းနှင့် ပူးပေါင်း သွားမည်ဖြစ်သည်။

လပေါ်သို့ ဆက်သွယ်ရေး ပစ္စည်းကိရိယာများ ရောက်ရှိပြီးသည့်အခါ ထိုပစ္စည်းများက အလိုအလျောက် တပ်ဆင်သွားမည်ဖြစ်ပြီး ထိုနေရာ၌ LTE ဆက်သွယ်ရေးစနစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်သည် လပေါ်၌ အရေးပါသည့် ကွပ်ကဲထိန်းချုပ်မှုလုပ်ငန်းများ၊ လပေါ် သွားယာဉ်များကို အဝေးမှထိန်းချုပ်မှုများ အပါအဝင် အမျိုးမျိုးသော လုပ်ငန်းများအတွက် အထောက် အပံ့ကောင်းများ ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။                   

Ref: TST