မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းညှိနှိုင်း အစည်းအဝေးကျင်းပ

အောင်လံမြို့နယ်နှင့်ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ အောက်တိုဘာလကုန်ထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၉  နာရီခွဲတွင် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးတွင် သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲ မြို့နယ်တို့၏  အခြေခံမဲဆန္ဒရှင်စာရင်းများ  လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး   အောက်တိုဘာလအထိတင်ပြရာ-

(၁)       လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏စိစစ်ချက်အရ

            (က)     သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှ လျော့သည့်လူဦးရေ(၄၉၆)ဦး

(ခ)       လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုး လူဦးရေ (၁၃၄၆)ဦး

            (ဂ)       အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ(၃၆၅၃၇၂) ဦး

(၂)        အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏စိစစ်ချက်အရ

            (က)     မြေပြင်ထပ်တိုး

                        -           ပုံစံ (၆၆/၆) ရှိသူ (၉၂) ဦး

                        -           ပုံစံ (၆၆/၆) အခြားနှင့်                

                                    (၆၆/၆) မရှိသူ    (၆၉) ဦး

                                    စုစုပေါင်းမြေပြင်ထပ်တိုး  (၁၆၁)ဦး

            (ခ)       မြေပြင်တွင်လျော့သည့်ဦးရေ

                        -           ပုံစံ (၆၆/၆) ရှိသူ (၆၃)ဦး

                        -           ပုံစံ (၆၆/၆) အခြားနှင့်    

                                    (၆၆/၆) မရှိသူ (၄၄)ဦး

                                    စုစုပေါင်းမြေပြင်လျော့သည့်ဦးရေ (၁၀၇)ဦး

            မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၃၇၄ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက် တို့ကို တင်ပြဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး(တာဝန်ခံ) ဦးအောင်လွင်ဦးနှင့် အဖွဲ့ဝင် ဦးမင်းမင်းဦးတို့က လုပ်ငန်း လိုအပ်ချက်များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)