ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းသားများအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းသားများအလိုရှိသည်

၁။      လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်-

          (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

          (ခ)     လျှောက်ထားသူသည် ၁၂-၁၂-၂၀၂၂ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ် ၆ လထက်မကြီးရ။

          (ဂ)     တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

          (ဃ)   မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

          (င)     အနည်းဆုံးအရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၄၀)ထက် မကျော်ရ။

၂။       လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(male))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၈-၁၀-၂၀၂၂ ရက်နေ့မှ ၃၀-၁၁-၂၀၂၂ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

          (က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

          (ခ)     တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။

          (ဂ)     အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့   မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

          (ဃ)   တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။

          (င)     အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

          (စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။

၃။      သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ဌာနချုပ်များအစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊ အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S(Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။      သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ်သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ(၁၄၄၀၀၀)ကျပ်ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ(၁၅၀၀၀၀)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း)အခြေခံ လစာ(၂၀၄၀၀၀)ကျပ်၊ အရည်အချင်းလစာ(၄၀၀၀)ကျပ်နှင့် စရိတ်များခံစားခွင့်ရရှိမည်။

၆။      လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်းတိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါလစာနှင့် သတ်မှတ်စရိတ်များခံစားခွင့်ရှိမည်-

                                                                           အဆင့်အတန်း အခြေခံလစာ အရည်အချင်လစား     ပေါင်း  

          (က)   တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)      ၂၀၄၀၀၀               ၆၀၀၀                    ၂၁၀၀၀၀

          (ခ)     တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ပထမတန်း)       ၂၀၄၀၀၀               ၈၀၀၀                    ၂၁၂၀၀၀

          (ဂ)     ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                  ၂၄၀၀၀၀              ၈၀၀၀                   ၂၄၈၀၀၀

          (ဃ)   အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                           ၂၅၈၀၀၀                ၈၀၀၀                    ၂၆၆၀၀၀

          မှတ်ချက်။     နှစ်တိုးလစာကို ၂ နှစ်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀၀၀)ကျပ်အထိခံစားခွင့်ရှိသည်။

၇။      တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။

၈။      ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင် သော်လည်းကောင်း၊ ဘွဲ့မရသေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထားနိုင်သည်။

၉။      ထို့အပြင် ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူသွားရောက်၍ အမှုထမ်းဆောင်နိုင်ခွင့်ရှိသည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။