ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ပေး

ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ပေး

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးနှင့်  ကျောင်းစာအပြင်  ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ နိုဝင်ဘာ ၁ ရက်တွင် ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်း၌ စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်စာစောင်များ ငှားရမ်းပေးကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရန်   ကျောင်းစာအပြင်ပြင်ပစာအုပ်များကိုပါ လေ့လာဖတ်ရှုကြရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီး တိုင်းရင်းသားရုပ်ပုံပြ ပုံပြင်စာအုပ်များ၊ ဓမ္မရုပ်ပြများနှင့် ပုံပြင်စာအုပ်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ   အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်   စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းလုပ်ငန်းအပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေး ခြင်းတို့ကိုလည်း   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။            

  ဇင်လေး(ပြန်/ဆက်)