ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်းရေ ၅၁ စင်း ဆိုက်ကပ်ကုန်သွယ်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်းရေ ၅၁ စင်း ဆိုက်ကပ်ကုန်သွယ်မည်

ရန်ကုန်၊ ကုန်သွယ်ရေး

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုလအတွင်း နိုင်ငံတကာကုန်တင် သင်္ဘောအစင်းရေ ၅၁ စင်း ဆိုက်ကပ်ကုန် သွယ်မည် ဖြစ်ကြောင်း   မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို Sealand Maersk Asia သင်္ဘောလိုင်းမှ ရှစ်စင်း၊ R.C.L သင်္ဘောလိုင်းမှ နှစ်စင်း၊ P.I.L သင်္ဘောလိုင်းမှ လေးစင်း၊ I.A.L သင်္ဘောလိုင်းမှ နှစ်စင်း၊ Samudera သင်္ဘောလိုင်းမှ ခုနစ်စင်း၊ New Golden Sea (Cosco) သင်္ဘောလိုင်းမှ ခြောက်စင်း၊ Sitic Container သင်္ဘောလိုင်းမှ လေးစင်း၊  Ever Green သင်္ဘောလိုင်းမှ နှစ်စင်း၊ Land and Sea သင်္ဘောလိုင်းမှ နှစ်စင်း၊ M.S.C  သင်္ဘောလိုင်းမှ လေးစင်း၊ T12  သင်္ဘောလိုင်းမှ နှစ်စင်းနှင့် X-Press Feeders မှ သုံးစင်း၊ BLPL သင်္ဘောလိုင်းမှ နှစ်စင်း၊ Sitc သင်္ဘောလိုင်းမှ တစ်စင်း၊ Gold Star သင်္ဘောလိုင်းမှ တစ်စင်းနှင့် Bayline သင်္ဘောလိုင်းမှ တစ်စင်း  စုစုပေါင်း  သင်္ဘောလိုင်း  ၁၆ လိုင်းမှ သင်္ဘောအစင်းရေ ၅၁ စင်း ဝင်ရောက်ဆိုက်ကပ်ရန်   လျာထားကြောင်းသိရသည်။

ယခုနှစ်တွင် နိုင်ငံတကာကုန်စည် ပို့ဆောင်ရေး သင်္ဘောဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် သင်္ဘောအစင်းရေ ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် သင်္ဘောအစင်းရေ ၄၈ စင်း၊ မတ်လတွင် သင်္ဘောအစင်းရေ ၅၀၊ ဧပြီလတွင် သင်္ဘောအစင်းရေ ၅၂ စင်း၊ မေလတွင် သင်္ဘောအစင်းရေ ၅၄ စင်း၊ ဇွန်လတွင် သင်္ဘောအစင်းရေ ၅၃ စင်း၊ ဇူလိုင်လတွင် သင်္ဘောအစင်းရေ ၄၉ စင်း၊ သြဂုတ်လတွင် သင်္ဘောအစင်းရေ ၅၅ စင်း၊ စက်တင်ဘာလတွင် သင်္ဘောအစင်းရေ ၅၅ စင်းနှင့် အောက်တိုဘာလတွင် သင်္ဘောအစင်းရေ ၅၀ ဖြင့်  ကုန်သွယ်မှုများပြုလုပ်ခဲ့ပြီး   နိုဝင်ဘာလတွင်လည်း  သင်္ဘောအစင်းရေ   ၅၁   စင်း  ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။

စောယု