၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ

နေပြည်တော်  နိုဝင်ဘာ  ၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒရုံး၊ စခန်း ၄၁  ခု  (ပုံ-၁)တွင် ရွာသွန်းသော မိုးရေများကို စုဆောင်းကာ မိုးရေတွင် အက်စစ် ဖြစ်ထွန်းမှုအခြေအနေကို သိရှိရန် မိုးရေ၏ pH  တန်ဖိုးများ တိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း အဆိုပါရုံး၊ စခန်း ၄၁ စခန်း၌ မိုးရွာသွန်းမှုရှိခဲ့၍ မိုးရေနမူနာများ ရယူကာ pH  တန်ဖိုးများကို တိုင်းတာခဲ့ပါသည်။ တိုင်းတာရရှိခဲ့သည့် ၃၈ စခန်းအနက် ၃၁ စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH  တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH  တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (၆.၅-၈.၅) အတွင်းတွင်ရှိပြီး ဗန်းမော်၊ ကသာ၊ ပြင်ဦးလွင်၊ ကလေးဝ၊ သံတွဲ၊ ဟင်္သာတနှင့် ထားဝယ်စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH  တန်ဖိုးများသည် (၅.၆-၆.၄) အတွင်းတွင်ရှိပါသဖြင့် ပုံမှန်မိုးရေအဆင့်တွင် ရှိပါသည်။ 

မိုးရေ၏ pH  တန်ဖိုးသည် ၅.၆ အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေမရှိကြောင်း သုံးသပ်ရပါသည်။  (ပုံ-၂)